Monday, October 29, 2018
ခင်​ပွန်းကြီး(၁၀)ပါး ကန်​​တော့နည်း
ဘုရားတပည့်တော်သည်သံသရာအစမှစ၍ ယနေ့တိုင်အောင်…
*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့အပေါ်၌
*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့အပေါ်၌
*ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစေရန်ကျိုးကြောင်းပြ၍ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌
*ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျှက်ရှိကြကုန်သောလူပုဂ္ဂိုလ်ရဟန်းပုဂ္ဂိုလ်တို့၏အပေါ်၌
*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ကိုဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌
*ထမင်းတစ်လုပ်၊ရေတစ်မှုတ်စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏အပေါ်၌
ကာယကံ၊၀စီကံ၊မနောကံသုံးပါးသော ကံတို့ဖြင့်ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရာ:…
ဤသို့ရှိခိုးပူးဇော်ဖူးမြော်မာန်လျှော့ကန်တော့ရသောကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင်မြတ်စွာဘုရားရှင်ဟောကြားတော်မှုသော သစ္စာလေးပါး မြတ်တရားကိုကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား …
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်းစိတ်ကြံတိုင်းတောင်းတတိုင်း လွယ်ကူလျင်မြန်စွာပြည့်စုံ၍ နုလုံးစိတ်ဝမ်းအေးချမ်းရပါစေသား အရှင်ဘုရား ။
ခင်ပွန်းကြီး (၁၀)ပါး ပြစ်မှားသူတို့ကြုံရမည့် ဒဏ်(၁၀)ပါး…
၁။ပြင်းထန်သော ဦးခေါင်းနာ စသည့်ဝေဒနာများဖြစ်ခြင်း။
၂။ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း။
၃။လက်ခြေပြတ်ခြင်း ၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း။
၎။ကုသ၍ မရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း။
၅။ရူးသွပ်ခြင်း ၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။
၆။မင်းပြစ်မင်းဒဏ်ခံရခြင်း။
၇။မတရားသဖြင့်စွပ်စွဲခံရခြင်း။
၈။ဆွေမျိုးကောင်း ၊မိတ်ဆွေကောင်း မရရှိခြင်း။
၉။စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။
၁၀။ နေရာ တိုက် အိမ်မီးလောင်ပျက်စီးခြင်း။
ပစ္စုပ္ပန်ဘ၀၌ထိုဒဏ်(၁၀)ပါး သင့်မည့်အပြင်သေလွန်သောအခါ၌လည်း အပါယ်ငရဲသို့ ကျရောက် နိုင်ပါသည်။
ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ခြင်း အကျိုး …
၁။အစားအစာ မရှားပါးခြင်း။
၂။ရောက်ရာအရပ်၌လေးစားပူဇော်ခံရခြင်း။
၃။ရန်သူမျိုးငါးပါး နှင့် ကင်းဝေးနိုင်ခြင်း။
၎။လူချစ်လူခင်ပေါများခြင်း။
၅။ပရိသတ်အလယ်၌တင့်တယ်စွာ နေနိုင်ခြင်း။
၆။ကောင်းသတင်းဂုဏ်ကျော်စောခြင်း။
၇။အခြွေအရံများခြင်း။
၈။စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း။
၉။ဘေးဒုက္ခကြုံသော်အကူအညီရရှိခြင်း။
၁၀။ သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း။
#Thu
Friday, October 26, 2018
ရှာ​ဖွေခြင်း
ရှေးဆရာတွေရဲ့ လမ်းကို
ငါမလိုက်ချင်ဘူး။
သူတို့ရှာဖွေတဲ့အရာကို
ငါရှာချင်တာ တစ်ခုတည်း။ ။
(ဗသျှိုး)
#Credit
#Thu
ဆောင်း
ေ ဆာ င်း  မီးပုံရှို့မရ 
သစ်ရွက်ခြောက်များ နှင်းစိုမြ 
တစ်ဆောင်းရောက်ပြန်ပါ့။
(ဟိုက္ကု)
#Credit
#Thu
အခုမှပဲ မီိးထွန်းရတယ်
အချစ်​ကခါးတယ်
အချစ်​က တစ်​ခါတစ်​ရံ
ခါးသီး​သော အရသာကို ​ပေးတယ်
Wednesday, October 24, 2018
အ​ဝေးဆုံးသို့
အဝေးဆုံး သို့
--------------
ဗေဒါလိုမှ ငါ့ ဘဝက
ရေ မှာတောင် မပြောနဲ့
ကမ်းစပ်မှာတောင်မှ
ကြာကြာ မကပ်ပါလား ..
သေခြာ ဆန်းစစ်တော့
အချစ်နွံ့ မှာမှ
သံယောဇဉ် ကြီးတဲ့
ဩော်
လူသား အဖြစ်ပင်
မွေးဖွားခဲ့လေ သလား ...
ခုတော့
အရာ အားလုံးကိုလေ
ဒူးထောက်ကာ လည်စင်းရင်း
နှလုံးသားမှ သည်ချစ်ခြင်းတွေကို
နောက်ဆုံးကဗျာတစ်ပုဒ်နဲ့ အသက်သွင်း
ငါ အဝေးဆုံးသို့ သွားပါတော့မယ်
ချစ် သူ ရယ်.....။
#Thu
Sunday, October 21, 2018
မနက်​တိုင်းအသုံးပြု​နေတဲ့ သွားတိုက်​​ဆေးရဲ့အစွမ်းများ
မနက်တိုင်းအသုံးပြုနေတဲ့ သွားတိုက်ဆေးရဲ့ အစွမ်းများ…
October 20, 2018
သွာတိုက်ဆေးကို မနက်တိုင်းသွားသန့်ရှင်းတောက်ပြောင်ဖို့နဲ့ ခံတွင်းနံ့ကင်းစင်ဖို့အတွက်ပဲ အသုံးပြုလို့ရတာမဟုတ်ဖူးနော်… သွားတိုက်ဆေးနဲ့ အခြားဖြေရှင်းလို့ရမယ့် နည်းလမ်းအချို့လည်း ရှိပါသေးတယ်..
(၁) အမဲစက်နဲ့ အမဲကွက်ပြသာနာများ သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောမွှေပြီး ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နှင့် အမဲကွက်များပေါ်သို့ ပွတ်လိမ်းပေးပြီး ၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေးချလိုက်ပါ။
(၂) ၀က်ခြံပြသာနာများ သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး ၀က်ခြံပေါက်နေသည့် နေရာများကို ပါးပါးလေးပွတ်လိမ်းပေးပါ။ နာရီအနည်းငယ် သို့ တစ်ညလုံးနီးပါးလိမ်းထားပြီး ရေနဲ့ဆေးချလိုက်မယ်ဆိုရင် ၀က်ခြံတွေ ချပ်သွားတာကို တွေ့နိုင်မှာပါ။ ဒီနည်းလမ်းဟာ လူတိုင်းနဲ့တော့အဆင်မပြေနိုင်ပါဘူး၊ အသားအရေ sensitive ဖြစ်တဲ့ သူတွေဆိုရင်တော့ မလုပ်သင့်ပါဘူး။
(၃) အသားအရေချောမွေ့ဖြူနိုင်ခြင်း သွားတိုက်ဆေး ၁ ဇွန်း နှင့် ခရမ်းချဉ်သီးအရည် ၁ ဇွန်းတို့ကို ရောပြီး သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါ။
(၄) ဆားဝက်ခြံပြသာနာများ သွားတိုက်ဆေးနဲ့ ဆားနဲ့ Rose Water အရည်တို့ကို ရောမွေပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေမှာ ခပ်ပါးပါးလေးလိမ်းပြီး ၁၀ မိနစ်ခန့် စက်ဝိုင်းပုံဖြင့် ညင်သာစွာ ပွတ်လိမ်းပေးပါ။ ပြီးလျှင် ရေအေးနဲ့ ဆေးချလိုက်တာနဲ့ ဆားဝက်ခြံတွေ သိသိသာသာ လျော့ကျသွားတာပါ တွေ့နိုင်မှာပါ။
(၅) မလိုချင်တဲ့ အမွှေးအမျှင်တွေဖယ်ရှားနိုင်ခြင်း သွားတိုက်ဆေး၊ သံပုရာရည် နှင့် သကြားတို့ကို ရောမွှေပြီး လိမ်းပေးပါ။ ခြောက်လျှင် ရေအေးနဲ့ ဆေးချလိုက်ပါ။
(၆) အနံ့အသက်စွဲခြင်းများကို ဖယ်ရှားနိုင်ခြင်း အကယ်၍ လက်မှာ အနံ့အသက်ပြင်းတာတွေကိုင်မိလို့ စွဲနေမယ်ဆိုရင်လည်း သွားတိုက်ဆေးနဲ့ ဆေးကြောသန့်စင်လိုက်တာနဲ့ အနံ့အသက်ကင်းစင်နိုင်မှာ ဖြစ်ပါတယ်။
(၇) လက်သည်း၊ ခြေသည်းများအား သန့်ရှင်းနိုင်ခြင်း လူတစ်ယောက်မှာ မျက်နှာပြီးရင် လက်သည်း၊ ခြေသည်းတွေဟာလည်း လှပနေဖို့ အရေးကြီးဆုံးထဲမှာ ပါပါတယ်။ သွားတိုက်ဆေးနဲ့ လက်သည်း၊ ခြေသည်းတို့ကို သွားပွတ်တံ (သို့) ဂွမ်းစလေးနဲ့ ၅ မိနစ်ခန့် ပွတ်တိုက်ပေးပြီး ရေဆေးချလိုက်မယ်ဆိုရင် ပိုမိုလှပတောက်ပြောင်တဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။
(၈) မျက်နှာအဆီပြန်ခြင်းကို လျှော့နည်းစေခြင်း သွားတိုက်ဆေးနဲ့ ဆားနဲ့ကို ရေနဲ့ဖျော်ပြီး မနက်တိုင်း မျက်နှာသစ်ရင်း သစ်ပေးရင် တစ်နေ့လုံးအဆီပြန်တာကို လျှော့နည်းလာတာကို တွေ့ရမှာပါ။
(၉) နှုတ်ခမ်းသားလေးတွေ နူးညံ့အောင်ပြုလုပ်နိုင်ခြင်းသွားတိုက်ဆေးကို နှုတ်ခမ်းသားလေးတွေ နူးညံ့အိစက်နိုင်အောင်လည်း ဆဲလ်သေတွေကို ဖယ်ရှားတဲ့ နေရာမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါနဲ့ရောပြီး နှုတ်ခမ်းသားကို သွားတိုက်တံ သို့မဟုတ် ဂွမ်းစလေးနဲ့ ညင်ညင်သာသာလေး ပွတ်တိုက်ပေးရမှာပါ။ သွားတိုက်ဆေးကို အများကြီးတော့ မသုံးရပါဘူး။ အဲလိုလေး ပြုလုပ်ပေးမယ်ဆိုရင် သင့်နှုတ်ခမ်းသားမှ ဆဲလ်သေတွေ ကင်းစင်ပြီး နူးညံ့တဲ့နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာနော်…
ပျိုမေတို့ရဲ့ အလှအပ ကျန်းမာရေးဆိုင်ရာ သဘာဝနည်းလမ်းများကို အစဉ်အမြဲ သိရှိနိုင်ဖို့အတွက်
Credit: Original Writer
Saturday, October 20, 2018
အ​နေတတ်​ဖို့
"အ​နေတတ်​ဖို့"
သူကမုန်းလည်း
အမုန်းမဖက်​ ​မေတ္တာလက်​နှင့်
ပွေ့ဖက်​​ခေါ်ငင်​ ပြုံးပန်းဆင်​ပါ။
သူကငြိုငြင်
အပြစ်​တင်​လည်း ချစ်​ခင်​ရိုးသား
မြတ်​စိတ်​ထား၍ စကားချိုမြ
နှုတ်​စကားလှကို ဖွဖွဆိုပါ။
သူကရန်​ရှာ
ပြုမူပါလည်း ညင်​သာသက်​သက်
ခွင့်​လွှတ်​လျက်​နှင့်​ နှစ်​ဖက်​နှစ်​ဝ
အေးငြိမ်းရ​အောင်​ လမ်းပြ​ဆောင်​ပါ။
မေတ္တာ..သစ္စာ
အနစ်​နာနှင့်​ ဘယ်​ခါမဟူ
စိတ်​ထားဖြူစွာ ​နေတတ်​ပါမှ
သင်​၏ဘဝ​အေးချမ်းရလိမ့်​။
(အသဲတစ်​ခြမ်း​လေးသို့)
#Thu
Friday, October 19, 2018
ဆုံးမလွယ်​သူဖြစ်​ပါ​စေ
ဆုံးမလွယ်​တဲ့သူဖြစ်​ပါ​စေ၊
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ 
တစ်​ခါတုန်းက ဘုရား​လောင်းရ​သေ့ဟာ
ရသေ့ရဟန်းဝတ်ပြီး တောမှာ နေနေပါတယ်။ 
တစ်နေ့ တော့ ဆွမ်းခံကပြန်အလာရေကန်တစ်ကန်ထဲဆင်းပြီး
ရေချိုးရင်း ကန်ထဲက ပဒုမ္မာကြာကို နမ်းလိုက်ပါတယ်။ 
ဒါကိုရေကန်စောင့်နေတဲ့ နတ်သမီးကတွေ့ပြီး၊
စိတ်ထဲမှာ မသက်မသာဖြစ်သွားပါတယ်။ 
ရဟန်းကိုလည်း အပြစ်စကားဆိုလိုက်ပါတယ်။
●ရဟန်း…
ပိုင်ရှင်မပေးဘဲ ကြာပန်းကိုနမ်းတာဟာ 
“ခိုးခြင်း” အင်္ဂါတွေထဲက တစ်ခုပဲ။
ဒါကြောင့် သင့်ရဟန်းဟာ “နံ့သာသူခိုးပဲ”။
အစောင့်နတ်သမီးရဲ့ပြစ်တင်စွပ်စွဲသံကြားတော့ 
ရဟန်းကလည်း ပြန်ချေပပါတယ်။
●နတ်​သမီး …
ငါဟာကြာပန်းကိုယူလည်းမယူ၊ ချိုလည်းမချိုး၊ 
အဝေးကပဲနမ်းတာပါ။ 
ဘာဖြစ်လို့ ငါ့ကို “နံ့သာသူခိုး”လို့ စွပ်စွဲတာလဲ။
စောစောက ငါ့ရှေ့က ယောက်ျားတစ်ယောက်ဟာ 
ရေကန်ထဲဆင်းပြီး ကြာစွယ်တွေကိုလည်းခူးတယ်၊ 
ကြာပန်းတွေကိုလည်း ချိုးဖျက်ယူတယ်။
အဲဒီပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လို့ “ကြာပန်းသူခိုး”လို့ မပြောတာလဲ။
နတ်သမီးက သူပြောမယ်စကားကို ရဟန်း 
မကြားမှာစိုးလို့ထင်တယ်။ 
ရှေ့ကို ခြေတစ်လှမ်းတိုးရင်း လေသံပြင်းပြင်း 
မျက်နှာထားတည်တည်နဲ့ ပြောလာပါတယ်။
●“ရဟန်း…. 
မကောင်းမှုမျိုးစုံကို ပြုနေကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ 
အဲဒီပုဂ္ဂိုလ်တွေဟာ အညစ်အကြေးတွေ 
အထပ်ထပ်ပေကျံနေတဲ့ “လက်နှီးစုတ်”လိုပဲ။
အဲဒီ လက်နှီးစုတ်ဟာ အညစ်အကြေး
တစ်ခုခုထပ်ပေကျံပေမယ့် ထူးပြီးမသိသာတော့ဘူး။ 
ဒီအတိုင်းပဲ “အကုသိုလ်အညစ်အကြေး” မျိုးစုံကပ်နေတဲ့ 
ပုဂ္ဂိုလ်မှာ နောက်ထပ်အညစ်အကျေးတစ်ခု
ထပ်ကပ်လို့လည်း ထူးပြီးမသိသာတော့ဘူး။
အဲဒီပုဂ္ဂိုလ်မျိုးကိုတော့ ငါ့အနေနဲ့ ဘာမှ မပြောလိုဘူး။
သင်ရဟန်းကိုသာ ပြောချင်တာ။ 
စင်ကြယ်မှုကိုပဲ ရှာမှီးနေတဲ့ ယောက်ျားမြတ်ဟာ 
သားမြီးဖျားလောက်ရှိတဲ့ မကောင်းမှုကိုလည်း 
တိမ်တိုက်လောက်သဘောထားရတယ်၊ 
သိရဲ့လား ရဟန်းရဲ့။”
ရဟန်းက နတ်သမီး ဥပမာနဲ့ပြောလိုက်တဲ့စကားကို 
တော်တော်လေး သဘောကျသွားပါတယ်။
ဒါကြောင့် မျက်နှာချိုချိုလေးနဲ့ ပြန်ပြောပါတယ်။
နတ်သမီး … 
သင့်ဟာ ငါ့ကို စင်ကြယ်သူလို့ အသိအမှတ်ပြုတယ်။
ပြီးတော့ ငါ့ကို သတိပေးစောင့်ရှောက်တယ်။ 
တကယ်လို့များ နောင်အခါ သင့်မျက်လုံးထဲမှာ 
အမြင်မတော်တာရှိခဲ့ရင် အခုလို့ပြောဆိုပေးပါ။
ရဟန်း . . . ငါ့တို့ဟာ သင့်ကိုအမှီပြုပြီး 
အသက်မွေးနေတာမဟုတ်ဘူး။
သင့်ရဲ့အခစားလည်း မဟုတ်ဘူး။
ဘယ်လမ်းဟာ သုဂတိသွားတဲ့လမ်းဆိုတာ သင့်သိတယ်။
သိတဲ့အတိုင်း ကိုယ်တိုင်းပဲသွားပါ။ 
ငါ့ကိုအားမကိုးပါနဲ့။
ရဟန်းက နတ်သမီးရဲ့ စကားရင့်ရင့်ကို 
လက်ခံသဘောတူတဲ့ အနေနဲ့ ကျေးဇူး
စကားပြန်ပြောတယ်။
“ကျေးဇူးတင်ပါတယ် နတ်သမီး အခုလို 
သတိပေးတာကိုပဲ။”
နတ်သမီးက ရဟန်းကို ခပ်ဆတ်ဆတ်လေး
ပြောလိုက်မိပေးမဲ့ ပြောလွယ်ဆိုလွယ်ရှိတဲ့ 
ရဟန်းကို စိတ်ထဲက ကြည်ညိုနေပါတယ်။
ဘုရားအလောင်းဟာ နတ်သမီးရဲ့ ဆုံးမစကားကို 
အခြေခံပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ 
ဈာန်တွေရသွားပြီး ဗြဟ္မာ့ပြည်ကိုလားရောက်ခဲ့ရပါတယ်။
(ငါးရာ့ငါးဆယ့်ဇာတ်ဝတ္ထု၊ သိင်္ဃပုပ္ဖဇာတ်။)
■မြောင်းထဲမှာ မြောင်းဖေါ်နေတဲ့သူတစ်ယောက် 
ရွှံ့တစ်စက်ပေသွားလို့ ဘာမှဖြစ်မသွားပါဘူး။ 
မြောင်းဘေးကရပ်ကြည့်နေတဲ့သူ
ရွှံ့တစ်စက်ပေသွားရင် သိပ်သိသာပါတယ်။
■မကောင်းမှုမျိုးစုံပြုနေတဲ့ လူတစ်ယောက် 
မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်လိုလည်း 
ထူးပြီးမသိသာသွားသလို၊
ပတ်ဝန်းကျင်ကလည်း ထူးပြီးစိတ်မ၀င်စားပါဘူး။ 
စင်စင်ကြယ်ကြယ်နေတဲ့လူတစ်ယောက် မသင့်လျှော်တာ 
တစ်ခုခုလုပ်လိုက်ရင် သိပ်ပြီး သိသာနေတတ်ပါတယ်။
နောက်ဥပမာတစ်ခုကတော့ လက်နှီးစုတ်မှာ 
အိုးမဲတစ်ကွက် ထပ်ပေလို့ ထူးပြီးမသိသာပါဘူး။
အ၀တ်ဖြူဖြူမှာ အိုးမဲတစ်ကွက် ပေကျံလိုက်ရင်တော့ 
သိပ်ပြီး သိသာနေတတ်ပါတယ်။
ဒါ​ကြောင့်​မိမိတို့လည်း ထိုရဟန်းကဲ့သို
ဆုံးမလွယ်​သူ​တွေဖြစ်​ကြပါ​စေ
Credit 
#Thu
ရာသီတိုင်းပွင့်​​နေတယ်
❀ ရာသီတိုင်းပွင့်​​နေတယ်​❀ 
~~~~~~~~~~~~~~~
မင်းမမြင်နိုင်ပေမယ့်
မင်းမြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
မင်းကို​ပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
မင်းအမြဲပါတယ်
မင်းမကြားနိုင်တဲ့
ငါဆိုတဲ့သီချင်းတိုင်း
မင်းကိုရည်ရွယ်တယ်
မင်းမဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာတိုင်း
မင်းကိုယ်​စားပြုတယ်
မင်းမဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
မင်းကြောင့်သေဆုံးရတယ်
ဒါပေမယ့်
မင်းမလိုချင်တဲ့
ငါ့နှလုံးသားထဲကပွင့်တဲ့ပန်း
မင်းခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေတယ်​.....။
ချစ်​သူရယ်​.................
#Thu
Wednesday, October 17, 2018
ရွှေ​မှော်​ဝန်း​ကျောင်းသို့ ​ဖျော်​​ဖြေ​ရေး
ချစ်​​သောပရိတ်​သတ်​များ၊ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနှင့်​ပြည့်​စုံကြပါ​စေ။
သူ့အတွက်
သူနဲ့​စကား​ပြောလိုက်​တိုင်း ကိုယ့်​ကိုယ်​ကို သိမ်​ငယ်​သွားသလို ခံစားရတယ်
လူဆိုတာ
လူဆိုတာ
~~~~~
လူဆိုတာ တန်​ဖိုးရှိ​လေ​လေ တိတ်​ဆိတ်​​လေ​ပဲ၊
တန်​ဖိုးမဲ့လာ​လေ​လေ ဆူညံလာ​လေ​ပဲ။
လူဆိုတာ မြင့်​မြတ်​လာ​လေ​လေ တည်​ငြိမ်​လာ​လေ​ပဲ၊
ယုတ်​နိမ့်​လာ​လေ​လေ ​ဗရုတ်​ကျ​လေ​ပဲ။
လူဆိုတာ သီလရှိ​လေ​လေ စကားနည်း​လေ​ပဲ
သီလမဲ့လာ​လေ​လေ စကားများလာ​လေ​ပဲ။
လူဆိုတာ အမှားများလာ​လေ​လေ ဖုံးဖိ​နေရ​လေပဲ၊
အမှားနည်းလာ​လေ​လေ တည်​ငြိမ်​​အေးချမ်းလာ​​လေပဲ။
လူဆိုတာ အလိုကြီး​လေ​လေ ရန်​သူ​ပေါ​လေ​ပဲ၊
အလိုနည်း​လေ​လေ မိတ်​​ဆွေ​ပေါ​လေ​ပဲ။
လူဆိုတာ အတ္တကြီးလာ​လေ​လေ ခက်​ထန်​လာ​လေပဲ၊
အတ္တနည်းလာ​လေ မျက်​နှာချို​အေးလာ​လေပါပဲ။
(အရှင်​​ဒေါက်​တာ နန္ဒမာလာဘိဝံသ)
#Thu
Tuesday, October 16, 2018
"Anger"(​ဒေါသ)
Friend တို့​ရေ ဒီက​နေ့ Friend တို့ကို ​ဒေါသအ​ကြောင်း​ပြောပြချင်​တယ်​။ ​ဒေါသဟာ အပူဓာတ်​ ​ဒေါသကို​ရှောင်​ပြီး အ​အေးဓာတ်​ဖြစ်​တဲ့ ​မေတ္တာကို
ဆောင်​​ကြရမယ်​။ ဒီ​နေရာ သစ္စာတရားကို
ကြားဖြတ်​​ပြောချင်​ပါတယ်​။ သစ္စာဟာအမှန်​တရား
သစ္စာနဲ့​မေတ္တာဟာ ဒွန်​တွဲ​နေတဲ့စကားလုံးဖြစ်​တယ်​။
လောကမှာ အ​ကြောက်​ရဆုံး ​ဝေါဟာရက သစ္စာ
ဖောက်​ဆိုတဲ့စကားလုံးဘဲ။ အထူးသဖြင့်​ အမျိုးသား
သစ္စာ​ဖောက်​ဆိုတဲ့စကားလုံးကို ​လေသံ​တောင်
မကြားချင်​လို့ပါ။ ဒါ​ကြောင့်​မို့ Friend ​တွေ သစ္စာ
ဘက်​​တော်​သားဖြစ်​ကြရမယ်​။ ​မေတ္တာနဲ့​ဒေါသဟာ
ဆန့်​ကျင်​ဘက်​ဖြစ်​သလို သစ္စာနဲ့​ဒေါသဟာလည်း
အဖြူနဲ့အမည်းလို ကွဲပြားခြား​နား​လှပါတယ်​။
ဒီ​နေရာမှာ ​ဒေါသမ​ကောင်း​ကြောင်း က​ဗျာ​လေး
တစ်​ပုဒ်​​ပြောပြချင်​တယ်​။
လောကမှာ ​ဒေါသကို ​အောင်​နိုင်​သူဟာ အရာရာကို
အောင်​နိုင်​သူဖြစ်​တယ်​တဲ့။ ဒါ​ကြောင့်​မို့ Friend တို့
စိတ်​ရဲ့သခင်​ ဖြစ်​ကြရမယ်​​နော်​။ စာဆိုတစ်​ဦးရဲ့
က​ဗျာတို​လေးက ဒီလိုဆိုထား​လေရဲ့ ​ခေါင်းစဉ်​က
"မြင့်​မြတ်​စင်​ကြယ်​နိုင်​​စေကွယ်​တဲ့"ကဲအတူဆိုကြည့်
ကြရ​အောင်​​နော်​..........
❀ မြင့်​မြတ်​စင်​ကြယ်​နိုင်​​စေကွယ်​❀ 
✏ သင်​က ငါ့ကိုမနာလို၍ ငြိုငြင်​စိတ်​မိုက်
ကုန်း​ချောတိုက်​လည်း မိုက်​တုံ့မပြန်​ ငါသည်းခံ၏။
ငါ့ကို သင်​ကငြူစူပြလည်း၊ ငါ့စိတ်​ပင်​ကို 
ချိုမြဲချိုလျက်​ ငြိုငြင်​မရှိ ခွင့်​လွှတ်​ဘိ၏။
သင်​၏​ဒေါသ ​လောင်​မီးကျသို့ ငါ့အား​လောင်​​စေ၊
သင်​ရှို့​လေလည်း စမ်း​ရေသီတာ ငါ့ရင်​မှာမို့
ဘယ်​မှာမီးကူးပါမည်​နည်း။
ငါသည်းခံ၏ ခွင့်​လွှတ်​ဘိလည်း သင်​၏ရင်​မှာ
ထိုမီြးာက​သော်​ သင်​သာ​လောင်​ ကျွမ်း​ချေ​ရော့မည်​။
သင့်​ကို​ယ်​တွင်းမီး တငြီးငြီးကို အပြီးငြိမ်းသတ်
မေတ္တာဓာတ်​ဖြင့်​ မြင့်​မြတ်​စင်​ကြယ်​နိုင်​​စေကွယ်​။
သင့်​မြတ်​ခင်​တွယ်​နိုင်​​စေကွယ်​။
မေတ္တာ​ဖြင့်​ရေး​သားပါသည်​။
#Thu
Sunday, October 14, 2018
သစ္စာ
သစ္စာတရား ဆိုတာ
အ​ကြောက်​တရားနဲ့
သွေး​ဆောင်​ ဖြား​ယောင်းမှု
လေ​ပြေ​လေညှင်း​တွေကြားက
ပန်းတစ်​ပွင့်
#ဟိုက္ကုက​ဗျာ
#Thu
Friday, October 5, 2018
အထာကျကျ​ ဘဝကိုဖြတ်​သန်းဖို့
- ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လားမေး ... 
- ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ...
- သူများအခန်းထဲဝင်လာမယ်ဆိုရင် ခွင့်တောင်းပြီးမှဝင် ...
- သီချင်းနားထောင်ရင် ကိုယ်တစ်ယောက်ထဲကြားလောက်ရုံပဲ နားထောင် ... Earphone သုံး ...
- တစ်ဖက်လူစကားပြောနေရင် ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ ကိုယ်ပြောချင်တာကို စပြော ...
- Library လိုနေရာမျိုးမှာ ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ ...
- ကျေးဇူးတင်စရာရှိရင် မတုံ့မဆိုင်း ချက်ချင်းတင် ...
- အမှားလုပ်ထားရင် ချက်ချင်း ပြန်တောင်းပန် ...
- ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား ... ရှေ့ခုံကို မကန်နဲ့ ...
- ခုံတန်းရှည်မှာ ဘေးလူနဲ့ထိုင်ရင် ဒူးမလှုပ်နဲ့ ...
-လူကြားထဲ စတိုင်ကျသလိုလိုနှင့်ဆေးလိပ်တွေ ထထမဖွာနှင့် second smoker တွေဘဝကိုကိုယ်ချင်းစာပါ..ကိုယ်မလုပ်ပဲရောဂါခံရအောင်..ဖြစ်သင့်မဖြစ်သင့်တွေး..
-စားသောက်နေတဲ့လူတွေရှိတဲ့ဆိုင်မှန်သမျှ  တဝေါ့ ဝေါ့  တထွီထွီ သလိပ်မဟပ်နှင့်..နှပ်မညှစ်နှင့်..နီတိထဲမှာ ဒါတွေပါတယ်..
ဒင်းတို့က ခေတ်နဲ့အညီ အထာလည်း ကျချင်သေးတယ် ...
ယဉ်ကျေးမှုက တစ်စက်မှ မရှိ ...
အထာကျတယ်ဆိုတာ သူများကို 
စိတ်အနှောက်အယှက်မပေးဘဲ 
နေထိုင်တတ်တာကို ခေါ်တယ် ...
ဗရမ်းဗတာ နေထိုင်ရင်
ဗရမ်းဗတာ ဘဝပဲရမယ် ...
သင် ပြုမူနေသမျှ အပြုအမူအားလုံးဟာ
သင့်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပဲ ...
Credit
(ကြိုက်လို့မျှဝေသည်)
Wednesday, October 3, 2018
ဗုဒ္ဓ၏ အံ့ဖွယ်​(၁၈)ပါး
ဘုရားရှင်၏ အံ့ဖွယ်တော် (၁၈) ပါးnayyelin3.blogspot.com
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရှိခြင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃)တောထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) လောကသုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ
အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာကရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ခပ်သိမ်းသော
သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရားပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော ဣနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဉေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍ လက်တော်ကို ဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိဟာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိသုံးဖ၀ါးနှစ်လှမ်းတည်းဖြင့်
ကြွတော်မူနိုင်ခြင်း။
(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမထင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း စသည်တို့ဖြစ်ကြပါသည်။
Credit to>>တိပိဋက မြန်မာပြန်
═══════════════════════
#Thu
ရဟန်း​တော်​များနှင့်​ ​ပြောဆိုဆက်​ဆံနည်း
ကျေနပ်ပါတယ်
https://www.mediafire.com/download/hz67o89hi72dy9n  ဒီမှာဒေါင်းပါ