လူဆိုတာ
~~~~~
လူဆိုတာ တန်ဖိုးရှိလေလေ တိတ်ဆိတ်လေပဲ၊
တန်ဖိုးမဲ့လာလေလေ ဆူညံလာလေပဲ။
လူဆိုတာ မြင့်မြတ်လာလေလေ တည်ငြိမ်လာလေပဲ၊
ယုတ်နိမ့်လာလေလေ ဗရုတ်ကျလေပဲ။
လူဆိုတာ သီလရှိလေလေ စကားနည်းလေပဲ
သီလမဲ့လာလေလေ စကားများလာလေပဲ။
လူဆိုတာ အမှားများလာလေလေ ဖုံးဖိနေရလေပဲ၊
အမှားနည်းလာလေလေ တည်ငြိမ်အေးချမ်းလာလေပဲ။
လူဆိုတာ အလိုကြီးလေလေ ရန်သူပေါလေပဲ၊
အလိုနည်းလေလေ မိတ်ဆွေပေါလေပဲ။
လူဆိုတာ အတ္တကြီးလာလေလေ ခက်ထန်လာလေပဲ၊
အတ္တနည်းလာလေ မျက်နှာချိုအေးလာလေပါပဲ။
(အရှင်ဒေါက်တာ နန္ဒမာလာဘိဝံသ)
#Thu
No comments:
Post a Comment