Monday, October 29, 2018

ခင်​ပွန်းကြီး(၁၀)ပါး ကန်​​တော့နည်း












ဘုရားတပည့်တော်သည်သံသရာအစမှစ၍ ယနေ့တိုင်အောင်…

*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့အပေါ်၌

*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့အပေါ်၌

*ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစေရန်ကျိုးကြောင်းပြ၍ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌

*ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျှက်ရှိကြကုန်သောလူပုဂ္ဂိုလ်ရဟန်းပုဂ္ဂိုလ်တို့၏အပေါ်၌

*ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ကိုဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌

*ထမင်းတစ်လုပ်၊ရေတစ်မှုတ်စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏အပေါ်၌

ကာယကံ၊၀စီကံ၊မနောကံသုံးပါးသော ကံတို့ဖြင့်ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရာ:…

ဤသို့ရှိခိုးပူးဇော်ဖူးမြော်မာန်လျှော့ကန်တော့ရသောကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင်မြတ်စွာဘုရားရှင်ဟောကြားတော်မှုသော သစ္စာလေးပါး မြတ်တရားကိုကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား …

လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်းစိတ်ကြံတိုင်းတောင်းတတိုင်း လွယ်ကူလျင်မြန်စွာပြည့်စုံ၍ နုလုံးစိတ်ဝမ်းအေးချမ်းရပါစေသား အရှင်ဘုရား ။

ခင်ပွန်းကြီး (၁၀)ပါး ပြစ်မှားသူတို့ကြုံရမည့် ဒဏ်(၁၀)ပါး…

၁။ပြင်းထန်သော ဦးခေါင်းနာ စသည့်ဝေဒနာများဖြစ်ခြင်း။

၂။ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း။

၃။လက်ခြေပြတ်ခြင်း ၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း။

၎။ကုသ၍ မရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း။

၅။ရူးသွပ်ခြင်း ၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။

၆။မင်းပြစ်မင်းဒဏ်ခံရခြင်း။

၇။မတရားသဖြင့်စွပ်စွဲခံရခြင်း။

၈။ဆွေမျိုးကောင်း ၊မိတ်ဆွေကောင်း မရရှိခြင်း။

၉။စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။

၁၀။ နေရာ တိုက် အိမ်မီးလောင်ပျက်စီးခြင်း။

ပစ္စုပ္ပန်ဘ၀၌ထိုဒဏ်(၁၀)ပါး သင့်မည့်အပြင်သေလွန်သောအခါ၌လည်း အပါယ်ငရဲသို့ ကျရောက် နိုင်ပါသည်။

ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ခြင်း အကျိုး …

၁။အစားအစာ မရှားပါးခြင်း။

၂။ရောက်ရာအရပ်၌လေးစားပူဇော်ခံရခြင်း။

၃။ရန်သူမျိုးငါးပါး နှင့် ကင်းဝေးနိုင်ခြင်း။

၎။လူချစ်လူခင်ပေါများခြင်း။

၅။ပရိသတ်အလယ်၌တင့်တယ်စွာ နေနိုင်ခြင်း။

၆။ကောင်းသတင်းဂုဏ်ကျော်စောခြင်း။

၇။အခြွေအရံများခြင်း။

၈။စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း။

၉။ဘေးဒုက္ခကြုံသော်အကူအညီရရှိခြင်း။

၁၀။ သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း။


#Thu

No comments:

Post a Comment

ရဟန်း​တော်​များနှင့်​ ​ပြောဆိုဆက်​ဆံနည်း

ကျေနပ်ပါတယ်

https://www.mediafire.com/download/hz67o89hi72dy9n  ဒီမှာဒေါင်းပါ