❀ ရာသီတိုင်းပွင့်နေတယ်❀
~~~~~~~~~~~~~~~
မင်းမမြင်နိုင်ပေမယ့်
မင်းမြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
မင်းကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
မင်းအမြဲပါတယ်
မင်းမကြားနိုင်တဲ့
ငါဆိုတဲ့သီချင်းတိုင်း
မင်းကိုရည်ရွယ်တယ်
မင်းမဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာတိုင်း
မင်းကိုယ်စားပြုတယ်
မင်းမဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
မင်းကြောင့်သေဆုံးရတယ်
ဒါပေမယ့်
မင်းမလိုချင်တဲ့
ငါ့နှလုံးသားထဲကပွင့်တဲ့ပန်း
မင်းခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေတယ်.....။
ချစ်သူရယ်.................
#Thu
No comments:
Post a Comment