Tuesday, May 29, 2018

ကိုယ်​သာလျှင်

ကိုယ်​သာလျှင်
✒✒✒✒✒

ကိုယ့်​ဘဝကို ကိုယ်​ကိုယ်​တိုင်
တွန်းနိုင်​မှ ​ရှေ့​ရောက်​မှာပါ
သူများအတွန်းကို ​စောင့်​​နေရင်
ကိုယ်​​ရောက်​ချင်​ သလို
ရောက်​ရမည်​ မဟုတ်​ပါဘူး။

#Thu


Friday, May 18, 2018

တောင်​​ပေါ်မှာ ဘုရား​တောင်​​အောက်​မှာ ဘာသာခြား

တောင်​​ပေါ်မှာဘုရား ​တောင်​​အောက်​မှာ ဘာသာခြား
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ဗုဒ္ဓဘာသာအများစုသည် မြေပြင်မှာဘုရားတည်ဖို့သာကြိုးစား၏။

ဘာသာခြားများက လူတို့၏နှလုးံတွင် အကြင်နာ မေတ္တာ ဘုရားများတည့်ဖို့ကြိုးစား၏။ ဗဟိဒ္ဓထက် အဇ္ဈတ္ထက ပိုမိုထိရောက်သည်မှာ သဘာဝပင်ဖြစ်၏ ထို့ကြောင့်လည်း ကမ္ဘာနှင့်ချီလိုက်လျှင် ဗုဒ္ဓဘာသာဝင်က အနည်းဆုးံအဆင့်သို့ ရောက်နေခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာများက တောင်ထိပ်တွင် ထီးတော်တင်အောင်ပွဲကြီး ခြိမ့်ခြိမ့်သဲကျင်းပချိန်တွင် တောင်အောက်မှ ဗုဒ္ဓဘာသာလေးငါးရွာမှာ ဘာသာခြားသို့ ပြောင်းသွားကြလေပြီ။ တောင်ပေါ်မှာစေတီတစ်ဆူ တည်ပြီးတိုင်း တောင်အောက်မှ လူတစ်သောင်းခန့်သည် ဘာသာခြားဘ၀သို့ရောက်သွားကြလေပြီ။

တောင်ပေါ်က ဗုဒ္ဓဘာသာဘုရား၊ တောင်အောက်မှာဘာသာခြားမခြစ်ရလေအောင် ဆင်းရဲသားများထောက်ပံ့ရေးကို ပထမထားပြီ စေတီတည်ရေးကို ဒုတိယထားလျှင် သာသနာပြုရာ၌ ပိုမိုထိရောက် အောင်မြင်ပေလိမ့်မည်။

လူ​တွေရဲ့နှလုံးသားမှာ ဘုရားမတည်​နိုင်​ရင်​​တော့
တ​နေ့​တော့ ဘယ်​​လောက်​ခမ်းနားစွာ တည်​ထားတဲ့
စေတီပုထိုးဖြစ်​ပါ​စေ ကမ္ဘာအ​မွေအနှစ်​တ်​ခု အဖြစ်​ပဲ
ကျန်​ခဲ့မှာ................။

အချစ်​ဆုံး​​တွေလည်း နှလုံးသားမှာ ဘုရားတည်​နိုင်​ကြပါ​စေ........။

#Thu

Wednesday, May 16, 2018

ဘဝဆိုတာ

ဘဝဆိုတာ
သင်​ယူရင်းနဲ့ တည်​​ဆောက်​ရတာပါ
ဒါ​ကြောင့်​ ချစ်​တဲ့သူဆီကလည်း
သင်​ယူရမယ်​ မုန်းတဲ့သူဆီကလည်း
သင်​ယူရမယ်​၊ ဥ​ပေက္ခာပြုထားတဲ့
သူ​တွေဆီကလည်း သင်​ယူရမယ်​။

#Thu


ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး(​မောင်​အံ့ ဓမ္မာစရိယ ဘုံ​ဘေ)

ဒီမှာ​ဒေါင်းပါ

Saturday, May 12, 2018

မသိမသာ သိသိသာသာ(Or)​သေပန်းပွင့်​သူများ

နယ်​မြို့​လေးတစ်​မြို့မှာ လူဂုဏ်​ထန်​တစ်​ဦးရှိခဲ့ဖူးတယ်​၊ ထိုလူဂုဏ်​ထန်​ဟာ ကြွယ်​ဝချမ်း
သာ သ​လောက်​ သူ့ဘဝတစ်​သက်​တာမှာ သူ့ကိုယ်​ကျိုးသာ အဓိကထား​ဆောင်​ရွက်​တယ်​။ အများအကျိုးကို ​လောကအကျိုးကို သူနဲ့မဆိုင်​သလို တစ်​သက်​လုံး​နေထိုင်​သွားခဲ့
ရာက ​နောက်​ဆုံးကွယ်​လွန်​အနိစ္စ​ရောက်​ခဲ့တယ်​။ သူ့ရဲ့​နောက်​ဆုံးအချိန်​မှာ သူ့ရဲ့ဈာပနဟာ သူ့
ဆွေမျိုးနဲ့ တပည့်​တပန်းတစ်​ချို့​လောက်​နဲ့သာ
လူမသိ သူမသိပြီးဆုံးသွားခဲ့တယ်​။

အဲဒီမြို့​လေးမှာဘဲ ဆင်းရဲသားတစ်​ဦးဟာ နံနက်​ လင်းတာနဲ့ တံမြတ်​စည်း​တစ်​​ချောင်း
ကိုင်​ပြီးတစ်​လမ်းဝင်​တစ်​လမ်းထွက်​ တံမြတ်​စည်း လှည်း အမှိုက်​ကျုံး သန့်​ရှင်း​ရေးအလုပ်​ကို သူ​ဆောင်​ရွက်​တာ ​နေ့စဉ်​နဲ့အမျှပါပဲ။ သူကစည်
ပင်​သာယာက ဝန်​ထမ်းတစ်​ဦးမဟုတ်​သလို ဘယ်​သူကမှ သူ့ကိုအခ​ကြေး​ငွေ​ပေးပြီး တာဝန်
စေခိုင်းထားတာမဟုတ်​ပါဘူး။ သူ့ရဲ့ပင်​ကိုယ်
အသိစိတ်​ကပင်​ သူ​ငွေး​ကြေးမချမ်းသာ​သော်
လည်း သူတတ်​စွမ်းနိုင်​တဲ့ဘက်​က အများအကျိုးကို ​ဆောင်​ရွက်​လိုတဲ့ စိတ်​ဖြင့်​ ​ဆောင်​ရွက်​ခဲ့တာ ဖြစ်​တယ်​။

ဒီလိုနဲ့သူလည်း မမြဲတဲ့သ​ဘောတရားအရ မ​နေလို့ ကွယ်​လွန်​အနိစ္စ​ရောက်​တဲ့အခါတစ်​ဦးက
လွန်​အနိစ္စ​ရောက်​တယ်​လို့ ကြားသိရတာနှင့်​ တစ်​ပြိုင်​နက်​ တစ်​မြို့လုံးကလူ​တွေ တစ်​ဦးက​နေ တစ်​ဦး အ​ကြောင်းကြားလိုက်​တာ၊ တခဏချင်း တစ်​မြို့လုံးရှိတဲ့လူ​တွေဆီ သူ့ရဲ့နာ
ရေးသတင်း ​ပြန့်​နှံ့သွားခဲ့တယ်​။ ဒီလိုနဲ့ သူ့ရဲ့ဈာ
ပနဟာ ​ငွေ​ကြေးတစ်​ပြားမှ မရှိ​၊ တပည့်​မပါ​ပေ
မယ့်​ အလွန်​စည်းကားသိုက်​မြိုက်​တဲ့ ဈာပနတစ်
ခုအဖြစ်​ တစ်မြို့လုံး​ပြောစမှတ်​တွင်​သွားခဲ့ရပါ
တယ်​။ တစ်​မြို့လုံးလည်းလိုက်​ပါလို့ ကူညီပံ့ပိုး
ဆောင်​ရွက်​​ပေးခဲ့ကြပါတယ်​။ ဒါဟာ နာ​ရေးနှစ်
ခုရဲ့ ဖြစ်​စဉ်​ကို ယှဉ်​ကြည့်​ခြင်းအားဖြင့်​ "မသိမ​ဆောင်​ရွက်​၊ မသိမသာ သိသိသာသာ" ဆိုတဲ့ အဓိပ္ပါယ်​ကိုသိ​လောက်​ပါပြီ။

အများအကျိုးကို  မိမိအကျိုးသာ ပဓာနထားသူ​တွေကို ပတ်​ဝန်းကျင်​က လည်း ပြန်​လည်​အသိမှတ်​ပြုဖို့ဆို
တာ အင်​မတန်​ခဲယဉ်းတာ​ကြောင့်​ မသိမသာ
အဖြစ်​ ဘဝကို နိဂုံးဂပတ်​ အဆုံးသတ်​ရပါတယ်​။ ​နောင်​ဘဝ​တွေမှာလည်း အကျိုးဆက်​​တွေက
ဘယ်​​တော့မှမ​ကောင်းပါဘူး......................။
အများအကျိုးကို တတ်​စွမ်းသမျှ​ ​ဆောင်​ရွက်​သူ
တွေက​တော့ ကုသိုလ်​ကံအ​ကြောင်းမလှလို မ​ကောင်းသဖြင့်​ လူလာဖြစ်​ရ​သော်​လည်း ယခုပြုလုပ်​သမျှ အ​ကြောင်းများ​ကြောင့်​ ယခုဘဝမှာပင်​ အများသူငှါ အသိအမှတ်​ အပြု​ကောင်းကျိုးများစွာ
ခံရခြင်း ဒိဋ္ဌဓမ္မခံစားရတာပါပဲ ​နောက်​ဘဝမှာလည်း  ခံစားရပါတယ်​။ ဒီလိုလူ​တွေကို အ​နေမဆန်း​ပေ
မယ့်​ ​သေပန်းပွင့်​သူ​တွေလို့ ဆိုရပါမယ်​......။

ဒါ​ကြောင့်​ လူတစ်​​​ယောက်​အများအကျိုး ပတ်ဝန်​​ကျင်​အကျိုး ​လောကအကျိုးဘယ်​​လောက်​ ​တောင်​ ​ဆောင်​ရွက်​ခဲ့သလဲသိချင်​ရင်​ သူ့ရဲ့နောက်​ဆုံးအချိန်​ကိုကြည့်​ပြီး ခန့်​မှန်းနိုင်​ပါတယ်​။  ​လောကရဲ့သဘာဝအရ ​ကောင်းခြင်း  ​ဆိုးခြင်းကို ​ဝေဖန်​တတ်​ကြ​ပေမယ့်​ အချိန်​ရဲ့ ကုစားမှု​ကြောင့်​ ကြာရင်​​မေ့သွားတတ်​ကြတဲ့ သ​ဘောရှိပါတယ်​။ ဒါ​ကြောင့်​ချီးမွမ်းခုနှစ်​ရက်​ ကဲ့ရဲ့ခုနှစ်ချီးမွမ်းခြင်း၊​ရက်​လို့ ​ပြောစမှတ်​ပြုကြပါတယ်​။

ချီးမွမ်းခြင်း၊ ​​ကဲ့ရဲ့ခြင်းဟာ ခုနှစ်​ရက်​နဲ့ပြီးဆုံးသွား​ပေမယ့်​။
လူ​တွေရဲ့ ရင်​ကိုလှုပ်​ကိုင်​နိုင်​​အောင်​ ​ဆောင်​ရွက်
ခဲ့သူ​တွေကို​တော့ အ​နေကြာ​ ရှာ​မ​တွေ့​ပေမယ့်
သေရာပါ​အောင်​ အထိမ​မေ့ကြပါဘူး။ သူ့ရဲ့
လောကအကျိုး အများအကျိုး​​ဆောင်​ရွက်​ချက်
တွေဟာ မှတ်​တမ်းတင်​ကျန်​ရစ်​ခဲ့ပါတယ်​။ဒါ​ကြောင့်​ မိမိရဲ့​စေတနာဟာ အများအကျိုး​ဆောင်​ရွက်​ဖို့ အုတ်​တစ်​ချပ်​သဲတစ်​ပွင့်​​လောက်​ပဲ ရှိတယ်​ဆိုရင်​​တောင်​မှ လုပ်​​ဆောင်​လိုက်​ပါ ရက်များလာတာ
နှင့်​အမျှ အင်​အားကြီးလာပါလိမ့်​မယ်​ ဆိုတာ
တိုက်​တွန်းပါရ​စေ.....................။

ချစ်​​သောသူများအားလုံး စိတ်​၏ချမ်းသာခြင်း
ကိုယ်​၏ကျန်းမာခြင်းနှင့်​ ပြည့်​စုံကြပါ​စေ........။

#Thu

ရဟန်း​တော်​များနှင့်​ ​ပြောဆိုဆက်​ဆံနည်း

ကျေနပ်ပါတယ်

https://www.mediafire.com/download/hz67o89hi72dy9n  ဒီမှာဒေါင်းပါ