နယ်မြို့လေးတစ်မြို့မှာ လူဂုဏ်ထန်တစ်ဦးရှိခဲ့ဖူးတယ်၊ ထိုလူဂုဏ်ထန်ဟာ ကြွယ်ဝချမ်း
သာ သလောက် သူ့ဘဝတစ်သက်တာမှာ သူ့ကိုယ်ကျိုးသာ အဓိကထားဆောင်ရွက်တယ်။ အများအကျိုးကို လောကအကျိုးကို သူနဲ့မဆိုင်သလို တစ်သက်လုံးနေထိုင်သွားခဲ့
ရာက နောက်ဆုံးကွယ်လွန်အနိစ္စရောက်ခဲ့တယ်။ သူ့ရဲ့နောက်ဆုံးအချိန်မှာ သူ့ရဲ့ဈာပနဟာ သူ့
ဆွေမျိုးနဲ့ တပည့်တပန်းတစ်ချို့လောက်နဲ့သာ
လူမသိ သူမသိပြီးဆုံးသွားခဲ့တယ်။
အဲဒီမြို့လေးမှာဘဲ ဆင်းရဲသားတစ်ဦးဟာ နံနက် လင်းတာနဲ့ တံမြတ်စည်းတစ်ချောင်း
ကိုင်ပြီးတစ်လမ်းဝင်တစ်လမ်းထွက် တံမြတ်စည်း လှည်း အမှိုက်ကျုံး သန့်ရှင်းရေးအလုပ်ကို သူဆောင်ရွက်တာ နေ့စဉ်နဲ့အမျှပါပဲ။ သူကစည်
ပင်သာယာက ဝန်ထမ်းတစ်ဦးမဟုတ်သလို ဘယ်သူကမှ သူ့ကိုအခကြေးငွေပေးပြီး တာဝန်
စေခိုင်းထားတာမဟုတ်ပါဘူး။ သူ့ရဲ့ပင်ကိုယ်
အသိစိတ်ကပင် သူငွေးကြေးမချမ်းသာသော်
လည်း သူတတ်စွမ်းနိုင်တဲ့ဘက်က အများအကျိုးကို ဆောင်ရွက်လိုတဲ့ စိတ်ဖြင့် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။
ဒီလိုနဲ့သူလည်း မမြဲတဲ့သဘောတရားအရ မနေလို့ ကွယ်လွန်အနိစ္စရောက်တဲ့အခါတစ်ဦးက
လွန်အနိစ္စရောက်တယ်လို့ ကြားသိရတာနှင့် တစ်ပြိုင်နက် တစ်မြို့လုံးကလူတွေ တစ်ဦးကနေ တစ်ဦး အကြောင်းကြားလိုက်တာ၊ တခဏချင်း တစ်မြို့လုံးရှိတဲ့လူတွေဆီ သူ့ရဲ့နာ
ရေးသတင်း ပြန့်နှံ့သွားခဲ့တယ်။ ဒီလိုနဲ့ သူ့ရဲ့ဈာ
ပနဟာ ငွေကြေးတစ်ပြားမှ မရှိ၊ တပည့်မပါပေ
မယ့် အလွန်စည်းကားသိုက်မြိုက်တဲ့ ဈာပနတစ်
ခုအဖြစ် တစ်မြို့လုံးပြောစမှတ်တွင်သွားခဲ့ရပါ
တယ်။ တစ်မြို့လုံးလည်းလိုက်ပါလို့ ကူညီပံ့ပိုး
ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဒါဟာ နာရေးနှစ်
ခုရဲ့ ဖြစ်စဉ်ကို ယှဉ်ကြည့်ခြင်းအားဖြင့် "မသိမဆောင်ရွက်၊ မသိမသာ သိသိသာသာ" ဆိုတဲ့ အဓိပ္ပါယ်ကိုသိလောက်ပါပြီ။
အများအကျိုးကို မိမိအကျိုးသာ ပဓာနထားသူတွေကို ပတ်ဝန်းကျင်က လည်း ပြန်လည်အသိမှတ်ပြုဖို့ဆို
တာ အင်မတန်ခဲယဉ်းတာကြောင့် မသိမသာ
အဖြစ် ဘဝကို နိဂုံးဂပတ် အဆုံးသတ်ရပါတယ်။ နောင်ဘဝတွေမှာလည်း အကျိုးဆက်တွေက
ဘယ်တော့မှမကောင်းပါဘူး......................။
အများအကျိုးကို တတ်စွမ်းသမျှ ဆောင်ရွက်သူ
တွေကတော့ ကုသိုလ်ကံအကြောင်းမလှလို မကောင်းသဖြင့် လူလာဖြစ်ရသော်လည်း ယခုပြုလုပ်သမျှ အကြောင်းများကြောင့် ယခုဘဝမှာပင် အများသူငှါ အသိအမှတ် အပြုကောင်းကျိုးများစွာ
ခံရခြင်း ဒိဋ္ဌဓမ္မခံစားရတာပါပဲ နောက်ဘဝမှာလည်း ခံစားရပါတယ်။ ဒီလိုလူတွေကို အနေမဆန်းပေ
မယ့် သေပန်းပွင့်သူတွေလို့ ဆိုရပါမယ်......။
ဒါကြောင့် လူတစ်ယောက်အများအကျိုး ပတ်ဝန်ကျင်အကျိုး လောကအကျိုးဘယ်လောက် တောင် ဆောင်ရွက်ခဲ့သလဲသိချင်ရင် သူ့ရဲ့နောက်ဆုံးအချိန်ကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ လောကရဲ့သဘာဝအရ ကောင်းခြင်း ဆိုးခြင်းကို ဝေဖန်တတ်ကြပေမယ့် အချိန်ရဲ့ ကုစားမှုကြောင့် ကြာရင်မေ့သွားတတ်ကြတဲ့ သဘောရှိပါတယ်။ ဒါကြောင့်ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ချီးမွမ်းခြင်း၊ရက်လို့ ပြောစမှတ်ပြုကြပါတယ်။
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဟာ ခုနှစ်ရက်နဲ့ပြီးဆုံးသွားပေမယ့်။
လူတွေရဲ့ ရင်ကိုလှုပ်ကိုင်နိုင်အောင် ဆောင်ရွက်
ခဲ့သူတွေကိုတော့ အနေကြာ ရှာမတွေ့ပေမယ့်
သေရာပါအောင် အထိမမေ့ကြပါဘူး။ သူ့ရဲ့
လောကအကျိုး အများအကျိုးဆောင်ရွက်ချက်
တွေဟာ မှတ်တမ်းတင်ကျန်ရစ်ခဲ့ပါတယ်။ဒါကြောင့် မိမိရဲ့စေတနာဟာ အများအကျိုးဆောင်ရွက်ဖို့ အုတ်တစ်ချပ်သဲတစ်ပွင့်လောက်ပဲ ရှိတယ်ဆိုရင်တောင်မှ လုပ်ဆောင်လိုက်ပါ ရက်များလာတာ
နှင့်အမျှ အင်အားကြီးလာပါလိမ့်မယ် ဆိုတာ
တိုက်တွန်းပါရစေ.....................။
ချစ်သောသူများအားလုံး စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ........။
#Thu
No comments:
Post a Comment