တောင်ပေါ်မှာဘုရား တောင်အောက်မှာ ဘာသာခြား
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ဗုဒ္ဓဘာသာအများစုသည် မြေပြင်မှာဘုရားတည်ဖို့သာကြိုးစား၏။
ဘာသာခြားများက လူတို့၏နှလုးံတွင် အကြင်နာ မေတ္တာ ဘုရားများတည့်ဖို့ကြိုးစား၏။ ဗဟိဒ္ဓထက် အဇ္ဈတ္ထက ပိုမိုထိရောက်သည်မှာ သဘာဝပင်ဖြစ်၏ ထို့ကြောင့်လည်း ကမ္ဘာနှင့်ချီလိုက်လျှင် ဗုဒ္ဓဘာသာဝင်က အနည်းဆုးံအဆင့်သို့ ရောက်နေခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာများက တောင်ထိပ်တွင် ထီးတော်တင်အောင်ပွဲကြီး ခြိမ့်ခြိမ့်သဲကျင်းပချိန်တွင် တောင်အောက်မှ ဗုဒ္ဓဘာသာလေးငါးရွာမှာ ဘာသာခြားသို့ ပြောင်းသွားကြလေပြီ။ တောင်ပေါ်မှာစေတီတစ်ဆူ တည်ပြီးတိုင်း တောင်အောက်မှ လူတစ်သောင်းခန့်သည် ဘာသာခြားဘ၀သို့ရောက်သွားကြလေပြီ။
တောင်ပေါ်က ဗုဒ္ဓဘာသာဘုရား၊ တောင်အောက်မှာဘာသာခြားမခြစ်ရလေအောင် ဆင်းရဲသားများထောက်ပံ့ရေးကို ပထမထားပြီ စေတီတည်ရေးကို ဒုတိယထားလျှင် သာသနာပြုရာ၌ ပိုမိုထိရောက် အောင်မြင်ပေလိမ့်မည်။
လူတွေရဲ့နှလုံးသားမှာ ဘုရားမတည်နိုင်ရင်တော့
တနေ့တော့ ဘယ်လောက်ခမ်းနားစွာ တည်ထားတဲ့
စေတီပုထိုးဖြစ်ပါစေ ကမ္ဘာအမွေအနှစ်တ်ခု အဖြစ်ပဲ
ကျန်ခဲ့မှာ................။
အချစ်ဆုံးတွေလည်း နှလုံးသားမှာ ဘုရားတည်နိုင်ကြပါစေ........။
#Thu
Subscribe to:
Post Comments (Atom)
ရဟန်းတော်များနှင့် ပြောဆိုဆက်ဆံနည်း
ကျေနပ်ပါတယ်
https://www.mediafire.com/download/hz67o89hi72dy9n ဒီမှာဒေါင်းပါ
-
အုန်းသီးခေါက်မုန့် Crispy Crepe ရိုးရိုးcrepeနဲ့မုန့်နှစ်စပ်တာမတူဘဲကွဲပါတယ်။ဒီမုန့်အချိုးလေးနဲ့ဘဲကြက်ဥခေါက်မုန့်ပြုလုပ်နိုင်ပါတ...
-
ဒီမှာဒေါင်းပါ
-
တစ်ခါက တိုင်းပြည်တစ်ခုတွင် ထူးဆန်းသောသစ်ပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုသစ်ပင် သည် ပိန္နဲပင်မျိုးဖြစ်သော်လည်း သရက်သီးကဲ့သို့ အသီးများသီး ထနေ လေ...

No comments:
Post a Comment