ထိပ်ဆုံးသို့
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တစ်တောင် ဆုံးပြန်တော့
တစ်လုံး ကျန်သမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘူ့
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့
တစ်နေ့မှာတော့ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အာသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား........။
(ငွေတာရီ)
အသဲတုံးလေးသို့
#ဥယျာဉ်မှူး
Subscribe to:
Post Comments (Atom)
ရဟန်းတော်များနှင့် ပြောဆိုဆက်ဆံနည်း
ကျေနပ်ပါတယ်
https://www.mediafire.com/download/hz67o89hi72dy9n ဒီမှာဒေါင်းပါ
-
အုန်းသီးခေါက်မုန့် Crispy Crepe ရိုးရိုးcrepeနဲ့မုန့်နှစ်စပ်တာမတူဘဲကွဲပါတယ်။ဒီမုန့်အချိုးလေးနဲ့ဘဲကြက်ဥခေါက်မုန့်ပြုလုပ်နိုင်ပါတ...
-
ဒီမှာဒေါင်းပါ
-
တစ်ခါက တိုင်းပြည်တစ်ခုတွင် ထူးဆန်းသောသစ်ပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုသစ်ပင် သည် ပိန္နဲပင်မျိုးဖြစ်သော်လည်း သရက်သီးကဲ့သို့ အသီးများသီး ထနေ လေ...
No comments:
Post a Comment