Monday, January 28, 2019

ဘဝဆိုတာ

 ဘဝဆိုတာ မြစ်တစင်းလိုပါပဲ...
အကွေ့အကောက်တွေထပ်
ဖြောင့်တန်းခြင်းဆိုတာ မရှိ
အသွားအပြန် စီးဆင်း
လှိုင်းလုံးများရဲ့ ပုတ်ခတ်ဒဏ်ကို ခံနေရပြီး
ပြည့်တဲ့အခါ ရှိသလို လိုအပ်နေချန်မှာ
လျော့ပါးသွားတဲ့အခါလဲ ရှိနေပြန်တယ်၊
ဘဝခရီးမှာလဲ ထိုနည်းတူပါပဲလေ...
ဖြောင့်တန်းပြီး လိုရာဆန္ဒတွေက
အမြဲတမ်း ဖြစ်လာနေတာမှ မဟုတ်ပဲ...။

အချစ်အမုန်း၊ ချီးမွမ်းကဲ့ရဲ့စတဲ့
လောကဓံလှိုင်းများက ရိုက်ခတ်
တယောက်ထဲ လျှောက်နေတာတောင်
လမ်းက ကျဉ်းနေသလို ခံစားမိ
အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတဲ့ ဒဏ်
ခွဲခွာခြင်းရဲ့အသံ
ရေလှိုင်းပမာ ရိုက်ပုတ်တော့
အရှိုက်ပြုတ်မတတ်ပါပဲ...။
လောကထဲ ကျင်လည်နေမှတော့
လောကရဲ့ဒဏ်ကို ခံနိုင်အောင်
ကြိုးစားပြင်ဆင်ထားရမှာ။
ဝမ်းနည်းစရာတွေကို
လမ်းထဲမှာပဲ ထားခဲ့နိုင်အောင်
မေ့ထားသင့်ခဲ့တာ။
အော် ဖြစ်ပျက်ခဲ့သမျှ စိတ်အနာတွေကို
အိပ်ယာအထိ ပါလာရင်
နာကျင်ကျင် စူးရှရှက
ပြူးပြသလို ခံစားရမှာပေါ့...။
သံယောဇဉ်ဆိုတာလဲ ဒုက္ခရဲ့ဖြစ်ဖျားခံရာ
ရေသောက်မြစ်လေးတခုတဲ့...
ဒီရေသောက်မြစ်ကို
ကြွေပျောက်သွားအောင် ဖြတ်နိုင်မှ
တတ်နိုင်သမျှ အပူအပင်တွေကင်းမယ်...။
ကဲပါလေ...အကြောင်းစုံတွေ ပေါင်းဆုံမလာခင်
ခုတော့ .... ခေါင်းခြုံပြီး အိပ်လိုက်တာပဲ ကောင်းပါတယ်...။
(​နွေနှင်းမိုး)

#Thu

No comments:

Post a Comment

ရဟန်း​တော်​များနှင့်​ ​ပြောဆိုဆက်​ဆံနည်း

ကျေနပ်ပါတယ်

https://www.mediafire.com/download/hz67o89hi72dy9n  ဒီမှာဒေါင်းပါ