ခု ချမ်းသာ နောင် ချမ်းသာကို
လူတိုင်း လိုချင်ကြသည် ။
ဒါဆိ

မိမိတို့ တတွေ
မသိတာတွေ သိပါစေတော့လို့
ဗုဒ္ဓဟောကြားထားတဲ့
မြတ်တရားများကို
အထူး လိုက်နာ
ပြု လုပ်ကြရမှာ ဖြစ်ပေသည် ။
*ဒါ ဘာကို
ဆိုလိုထားလဲ ဆိုရင် ?
မိမိတို့ တတွေဟာ
ခု ဘဝမှာကား
အတိတ်ကံနဲ့ ခု ကြိုးစားလို့
ခု ဘဝ ချမ်းသာက ရကြသည်သာ။
*နောင်ချမ်းသာမှာတော့
ခု ချိန်မှာ
မိမိနေရဆဲ အခိုက်မှာ
ဒါန သီလ ဘာဝနာကို ပြု မှ
နောင်ချမ်းသာရမည် ဖြစ်သည် ။
ဒါနကို ဂုဏ်ဖတ် ထားပြီး
လှူ နေသူဟာ
"ပိုရာ လောင်း
အပင် ညောင်းပြီး
မလို ဖြစ်ရ
လိုရာ လောင်းမှ
ပင်ပေါင်း ဝေမည်
ဖြစ်ပေသည် " ဆိုစကားကိုလည်း
မိမိတို့ နားလည်ပြီး
လှူ မှု ကူမှု ပြု လုပ်သင့်သည် ။
နောက်မှာတော့
သီလနဲ့ နေကာ
ဘာဝနာကို ပွားမယ်ဆိုရင်
"နေရ ဖို့ရက်
မများ ပေလို့
သေဖို့ အ ရေး
လက်ကျန် လေးမှာ
ဥာဏ် တွယ်နို င်ဖို့
ပြု ကျင့်ကြ စို့ " ဟု
မိမိကိုယ်ကို
တိုက်တွန်းကာဖြင့်
မိမိတို့ တတွေဟာ
ထာဝရ ချမ်းသာရရေး
အိုနာ သေ ကင်းရာ
နိဗ္ဗာန်ရောက်ရေး
အစဉ်တွေးကာ
ပြု ကျင့်သွားရမှာ
ဖြစ်ပါတယ် ။
ဒါကြောင့်
မိမိတို့တတွေလဲ
"လှူ တတ်ပါမှ
ယူတတ် သူ မည်၏ "
"နေတတ်ပါမှ
သေတတ်သူမည် ၏ "
"ကျင့် ထားပါမှ
ချမ်းသာသူ မည်၏ "
*ဒါနကို ပကာ မဖတ်ပါနဲ့
*သီလကို ဟန် မဖတ်ပါနဲ့
*ဘာဝနာကို မာန် မတတ်ပါနဲ့
အရှင်ဝိစိတ္တ(ဝက်လက်=တအုံ)
ဓမ္မမာမကပုဗ္ဗာရုံကျောင်း
အောက်ဝါးနက်ချောင်းကျေးရွာ
မှော်ဘီ
#Credit
အဆိုတော်မလေး ကြည်ဖြူခင်
No comments:
Post a Comment