Tuesday, December 25, 2018

ဥယျာဉ်​မှူးလို ငါ့ဘဝ

♣ ♣ ဥယျာဉ် မှူး လို ငါ့ဘဝ ♣ ♣


မပိုင်ရွယ်ခူး တိတ်တခိုးနှင့်

မြတ်နိုးချစ်မိ ရွယ်စူးမိ

ပျိုးမိတဲ့ပန်း ထာဝရလန်းအောင်

စောက်ရှောက်မိတာ

ဒီရင်မှာ ~~~~~

မကြွေလည်းမွှေး


ကြွေလည်းမွှေးမို့ 

ပျားပိတုန်းကြောင့်

ဝတ်ရည်ကုန်ခမ်း

ညိုးနွမ်းနေလည်း

ဥယျာဉ်မှူးတော့

ပစ်ပယ်မရဲ အမြဲပဲမို့ 

သိမ်းဆည်းမိတာ

ဒီရင်မှာ ~~~~~

ဥယျာဉ်မှူးမို့  ထာဝရပျိုးလည်း

စွန့် ပယ်သွားကြ ဓမ္မတာမို့ 

ပျိုးနေသော်လည်း ပျိုးနေမြဲ

ညိုးနွမ်းသော်လည်း ပစ်ပယ်မရဲ

ဒီရင်မှာတော့ ချစ်နေမြဲ ~~~

No comments:

Post a Comment

ရဟန်း​တော်​များနှင့်​ ​ပြောဆိုဆက်​ဆံနည်း

ကျေနပ်ပါတယ်

https://www.mediafire.com/download/hz67o89hi72dy9n  ဒီမှာဒေါင်းပါ