Friday, March 16, 2018

✒📖ပတ်​ဝန်းကျင်​​ကောင်းကို ရှာ​ဖွေချဉ်းကပ်​ခြင်း📖✒

ကောင်းတဲ့ပတ်​ဝန်းကျင်​သစ်​တစ်​ခုကို ရှာ​တော့မယ်​လို့ ဆုံးဖြတ်​လိုက်​ရင်​ မ​ကောင်းတဲ့ပတ်​ဝန်းကျင်​ကို
စွန့်​ရ​တော့မှာပဲ။ ဒါ​ပေမယ့်​ စွန့်​ဖို့ရာသိပ်​မလွယ်​လှ
ဘူးဆိုတာ ​တွေ့ရပါလိမ့်​မယ်​။ ဘာ​ကြောင့်​လဲဆို
တော့ အ​ပေါင်းအသင်းမရှိလည်း ​နေဖို့ကမဖြစ်​နိုင်​ဘူး မဟုတ်​လား။ သစ်​တစ်​ပင်​ရိပ်​ ဝါးတစ်​ပင်​​အောက်​မှာ တရားအားထုတ်​ဖို့သွားတဲ့ ပုဂ္ဂိုလ်​လည်း မဟုတ်​​လေ​တော့ ကိုယ်​တစ်​​ယောက်​တည်း ​နေလို့
မရနိုင်​ဘူး။ ကိုယ်​ကလည်း မ​နေတတ်​ဘူး ​နောင်​ပြီး
နေ့စဉ်​နှင့်​အမျှ ဆက်​သွယ်​​နေခဲ့တဲ့ အ​ပေါင်းအသင်း
တွေ ဖြစ်​​နေပြန်​​တော့ သူတို့နဲ့ ပတ်​သက်​​နေတဲ့ ကိစ္စ
များ​မြောင်​​တွေကို ရုတ်​တရက်​ ဘယ်​မှာဖြတ်​လို့  ရနိုင်​မှာလဲ? ။ ဒီ​တော့အ​ဟောင်းထဲမှာ ကျင်​လည်
နေရင်​ကပင်​ အသစ်​ကိုရှာကြရတာပါပဲ။

ဒါ​ပေမဲ့ ​ကောင်းတဲ့အ​ဟောင်းကို စွန့်​ရ​တော့မယ်​ဆို
တဲ့ အသိကို​တော့ ခိုင်​ခိုင်​မာမာကြီး စွဲထားဖို့လိုပါ
တယ်​။

ကောင်းတဲ့ပတ်​ဝန်းကျင်​ကို ရှာဖို့ဆိုတာ တကယ်​​တော့ မခက်​ပါဘူး။ အနီးနားမှာရှိ​နေတတ်​ပါတယ်​။
အဲဒီလူ​တွေကို ပတ်​ဝန်းကျင်​က တစ်​ခြားလူ​တွေက
လည်း ​လေးစားတယ်​။ ကိုယ်​ကိုယ်​တိုင်​ကလည်း
လေးစားမှုရှိ​နေတယ်​။ ပတ်​ဝန်းကျင်​ကလည်း ​လေး
စားတယ်​။ ကိုယ်​ကိုယ်​တိုင်​ကလည်း ​လေးစားပါ
တယ်​ဆိုပြီး ဧရာမ အသက်​​လေးငါး​ခြောက်​ဆယ်
လောက်​ရှိ​နေတဲ့ လူကြီး​တွေကို သွားပြီးချဉ်းကပ်​ဖို့
မကြိုးစားပါနဲ့....။

ကောင်းတာတစ်​ခုက​တော့ ကိုယ့်​ထက်​အသက်​ သုံး​လေးနှစ်​​လောက်​ ကြီးတဲ့သူ​တွေ ဆိုရင်​ ကိုယ်​လည်း
လက်​လှမ်းမှီနိုင်​တယ်​။ သူတို့ကလည်း အသိအမှတ်
ပြု​လောက်​နိုင်​တယ်​။ အဲဒီလူ​တွေထဲမှာ "အဆင့်​ရှိ"
လောက်​တယ်​ ထင်​တဲ့လူ​တွေကို သတိထားပြီး
ကြည့်​ပါ။ အထူးအားဖြင့်​ စာ​ပေ​ဗဟုသုတ လိုက်​စား
ပုံရတဲ့ လူ​တွေကို​ရွေးပါ။ ဒီ​ခေတ်​မှာ စာ​ပေ​ဗဟုသု
တကို မလိုက်​စားရင်​ လူတစ်​​ယောက်​ဖြစ်​ဖို့ အလွန်
ခဲယဉ်းပါတယ်​။

နောက်​ပြီး သူတို့​ပြောတာ​တွေကို နား​ထောင်​ကြည့်
ပါ အရက်​အ​ကြောင်း ဖဲအ​ကြောင်း၊ မိန်းမ​တွေအ
ကြောင်း၊ စတဲ့ ​ပေါက်​တတ်​ကရ​တွေ အ​ကြောင်း
လောက်​သာ အ​ရေးကြခ့်​င်​ကျင်​လုပ်​​နေမယ်​ဆိုရင်
သူတို့စရိုက်​ကို ခန့်​မှန်းလို့ရပါပြီ။

မှတ်​သ​လောက်​စရာ ​လောက​ဗဟုသုတ​တွေ၊ စဉ်း
စားဆင်​ခြင်​​လောက်​တဲ့ ဘဝသုတမ်ျုး​တွေကို ​ပြော
ဆို​ဆွေး​နွေးကြတာ​တွေ့ပြီဆိုရင်​ အဲဒီလိုလူမျိုး​တွေ
ရဲ့ အသိုင်းအဝိုင်းကို ဝင်​ဆံ့နိုင်​​အောင်​ ကြိုးစားပါ။
သူတို့ဟာ ကိုယ့်​အတွက်​ ​ကောင်းကျိုး​ပေးသူများ
ဖြစ်​ကြပါတယ်​၊ ​ကောင်းတဲ့ပတ်​ဝန်းကျင်​များဖြစ်
ကြပါတယ်​ ဆိုတာတိုက်​တွန်းရင်း

#ချစ်​တဲ့သူများအားလုံး ရွှင်​လန်းချမ်း​မြေ့ပါ​စေ
#Thu(တုနှိုင်းမမှီ)


No comments:

Post a Comment

ရဟန်း​တော်​များနှင့်​ ​ပြောဆိုဆက်​ဆံနည်း

ကျေနပ်ပါတယ်

https://www.mediafire.com/download/hz67o89hi72dy9n  ဒီမှာဒေါင်းပါ