Tuesday, March 27, 2018
Tuesday, March 20, 2018
ပြုံးကြည့်ပါ
သိမ်ငယ်နေသူတွေ အားငယ်နေသူတွေကို တွဲခေါ်ဖို့ အပြုံးလိုတယ်..
မျှော်လင့်စရာတွေ ဖြစ်လာဖို့အပြုံးလိုတယ်..
ဘ၀ရဲ့အမောနဲ့ ၀န်ထုပ်ဝန်းပိုးတွေ က သက်သာစေဖို့ အပြုံးလိုတယ်..
ပြန်လည်ကျန်းမာလာဖို့ အပြုံးလိုတယ်..
ခွင့်လွှတ်ပါတယ်ဆိုတဲ့ တုန့်ပြန်မှုအတွက် အပြုံးလိုတယ်..
- ဟန်ဆောင်နေရတဲ့ဘ၀ကို ကျောခိုင်းလိုက်ဖို့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပါ..
Friday, March 16, 2018
✒📖ပတ်ဝန်းကျင်ကောင်းကို ရှာဖွေချဉ်းကပ်ခြင်း📖✒
ကောင်းတဲ့ပတ်ဝန်းကျင်သစ်တစ်ခုကို ရှာတော့မယ်လို့ ဆုံးဖြတ်လိုက်ရင် မကောင်းတဲ့ပတ်ဝန်းကျင်ကို
စွန့်ရတော့မှာပဲ။ ဒါပေမယ့် စွန့်ဖို့ရာသိပ်မလွယ်လှ
ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆို
တော့ အပေါင်းအသင်းမရှိလည်း နေဖို့ကမဖြစ်နိုင်ဘူး မဟုတ်လား။ သစ်တစ်ပင်ရိပ် ဝါးတစ်ပင်အောက်မှာ တရားအားထုတ်ဖို့သွားတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်လေတော့ ကိုယ်တစ်ယောက်တည်း နေလို့
မရနိုင်ဘူး။ ကိုယ်ကလည်း မနေတတ်ဘူး နောင်ပြီး
နေ့စဉ်နှင့်အမျှ ဆက်သွယ်နေခဲ့တဲ့ အပေါင်းအသင်း
တွေ ဖြစ်နေပြန်တော့ သူတို့နဲ့ ပတ်သက်နေတဲ့ ကိစ္စ
များမြောင်တွေကို ရုတ်တရက် ဘယ်မှာဖြတ်လို့ ရနိုင်မှာလဲ? ။ ဒီတော့အဟောင်းထဲမှာ ကျင်လည်
နေရင်ကပင် အသစ်ကိုရှာကြရတာပါပဲ။
ဒါပေမဲ့ ကောင်းတဲ့အဟောင်းကို စွန့်ရတော့မယ်ဆို
တဲ့ အသိကိုတော့ ခိုင်ခိုင်မာမာကြီး စွဲထားဖို့လိုပါ
တယ်။
ကောင်းတဲ့ပတ်ဝန်းကျင်ကို ရှာဖို့ဆိုတာ တကယ်တော့ မခက်ပါဘူး။ အနီးနားမှာရှိနေတတ်ပါတယ်။
အဲဒီလူတွေကို ပတ်ဝန်းကျင်က တစ်ခြားလူတွေက
လည်း လေးစားတယ်။ ကိုယ်ကိုယ်တိုင်ကလည်း
လေးစားမှုရှိနေတယ်။ ပတ်ဝန်းကျင်ကလည်း လေး
စားတယ်။ ကိုယ်ကိုယ်တိုင်ကလည်း လေးစားပါ
တယ်ဆိုပြီး ဧရာမ အသက်လေးငါးခြောက်ဆယ်
လောက်ရှိနေတဲ့ လူကြီးတွေကို သွားပြီးချဉ်းကပ်ဖို့
မကြိုးစားပါနဲ့....။
ကောင်းတာတစ်ခုကတော့ ကိုယ့်ထက်အသက် သုံးလေးနှစ်လောက် ကြီးတဲ့သူတွေ ဆိုရင် ကိုယ်လည်း
လက်လှမ်းမှီနိုင်တယ်။ သူတို့ကလည်း အသိအမှတ်
ပြုလောက်နိုင်တယ်။ အဲဒီလူတွေထဲမှာ "အဆင့်ရှိ"
လောက်တယ် ထင်တဲ့လူတွေကို သတိထားပြီး
ကြည့်ပါ။ အထူးအားဖြင့် စာပေဗဟုသုတ လိုက်စား
ပုံရတဲ့ လူတွေကိုရွေးပါ။ ဒီခေတ်မှာ စာပေဗဟုသု
တကို မလိုက်စားရင် လူတစ်ယောက်ဖြစ်ဖို့ အလွန်
ခဲယဉ်းပါတယ်။
နောက်ပြီး သူတို့ပြောတာတွေကို နားထောင်ကြည့်
ပါ အရက်အကြောင်း ဖဲအကြောင်း၊ မိန်းမတွေအ
ကြောင်း၊ စတဲ့ ပေါက်တတ်ကရတွေ အကြောင်း
လောက်သာ အရေးကြခ့်င်ကျင်လုပ်နေမယ်ဆိုရင်
သူတို့စရိုက်ကို ခန့်မှန်းလို့ရပါပြီ။
မှတ်သလောက်စရာ လောကဗဟုသုတတွေ၊ စဉ်း
စားဆင်ခြင်လောက်တဲ့ ဘဝသုတမ်ျုးတွေကို ပြော
ဆိုဆွေးနွေးကြတာတွေ့ပြီဆိုရင် အဲဒီလိုလူမျိုးတွေ
ရဲ့ အသိုင်းအဝိုင်းကို ဝင်ဆံ့နိုင်အောင် ကြိုးစားပါ။
သူတို့ဟာ ကိုယ့်အတွက် ကောင်းကျိုးပေးသူများ
ဖြစ်ကြပါတယ်၊ ကောင်းတဲ့ပတ်ဝန်းကျင်များဖြစ်
ကြပါတယ် ဆိုတာတိုက်တွန်းရင်း
#ချစ်တဲ့သူများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
#Thu(တုနှိုင်းမမှီ)
Wednesday, March 14, 2018
ပတ်ဝန်းကျင်ကောင်းစေဖို့
အဖြစ်ပြောင်းကြစို့📖✒
လူလိမ္မာတို့သည် တစ်ပါးသူ၏
အမှားမှ သင်္ခန်းစာယူတတ်ကြ၏
လူမိုက်တို့သည် မိမိကိုယ်တိုင်
မှားမှ သင်္ခန်းစာယူတတ်ကြ၏ ။
ထို့ထက်ပို၍ မိုက်သူတို့ကား
မိမိကိုယ်တိုင် မှားပြီးပါလျက်နှင့်ပင်
သင်္ခန်းစာမယူတတ်ကြပါကုန်...။
အဲဒီဆောင်ပုဒ်စကားလေးကို
လက်သုံးပြုပြီး တို့တတွေအမြတ်
ထုတ်ဖို့သင့်တာကတော့.......
လူဆိုတာ ပတ်ဝန်းကျင်တစ်ခုထဲမှာ
တော့ အမြဲရောက်နေကြရတာပဲ
မဟုတ်လား...။ဒီတော့
(၁) "အပေါင်းအသင်း ပတ်ဝန်းကျင်ဟာ
သိပ်အရေးကြီးတယ်" ဆိုတာကို
အခိုင်အမာ လက်ခံထားသင့်ပါတယ်။
(၂) "မိမိပတ်ဝန်းကျင် မကြာခဏ နိုးနိုးကြားကြား
စစ်ဆေးနေသင့်ပါတယ်။
(၃) "မကောင်းတဲ့ ပတ်ဝန်းကျင်ကို စွဲလမ်းတွယ်
တာမိနေပြီဆိုရင် ငါ့ဘဝ နစ်မွန်းဖို့ သေချာ
နေပြီ" ရယ်လို့ ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ
သတ်မှတ်သင့်ပါတယ်။
(၄) "မကောင်းတဲ့အစွဲ မကောင်းတဲ့ပတ်ဝန်းကျင်ကို
ကောင်းတဲ့အစွဲ ကောင်းတဲ့ပတ်ဝန်းကျင်နဲ့
အစားထိုးပြီး ဖြတ်ဖို့ နိုးနိုးကြားကြားနဲ့
ကြိုးစားသင့်ပါတယ်..........။
ချစ်တဲ့သူများအားလုံး ပျော်ရွှင်သောဘဝလေး
ကိုပိုင်ဆိုင်ကြပါစေ.....
#Thu
Tuesday, March 13, 2018
Monday, March 12, 2018
အချစ်ဆိုတာ
အချစ်ဆိုတာ
ချစ်နေယုံနဲ့ မပြီးသေးပါဘူး
ဂရုစိုက်မှု
နားလည်မှုနဲ့
သစ္စာရှိမှု
သနားကြင်နာမှုတွေလည်း
လိုပါသေးတယ်။
#Thu
ဝမ်းနည်းမနေပါနဲ့
ဖြစ်ချင်တာတွေ
ဖြစ်မလာတဲ့အခါ
ဝမ်းနည်းမနေပါနဲ့
ဝမ်းနည်းနေခြင်းဟာ
ရလာဒ်ကောင်းတွေ
တစ်ခုမှဖြစ်မလာလို့ပါ
#Thu
အသိဉာဏ်ပညာနှင့်မပြည့်စုံလျှင်
✒📂အသိဉာဏ်ပညာနည်း ယောင်္ကျားတို့သည်
မိန်းမတို့ အလိုအတိုင်း လုပ်ပေးကြ၏။
ထို့အတူပင် အသိဉာဏ်ပညာနည်းသော
မိန်းမတို့သည်လည်း ယောက်ျားတို့၏ အလိုဆန္ဒ
သို့လိုက်လျှောကြ၏........။
ကိုယ်ကောင်ကြီးသော်လည်း......
အသိဉါဏ်ပညာမရှိလျှင် အချည်းနှီးသာဖြစ်၏။
အသိဉာဏ် ပညာ ဗဟုသုတနည်းပါးသူသည်
သူတစ်ပါးအား လှည့်စား၍မရ သူတစ်ပါး၏
လှည့်ဖြားခြင်းကိုသာ ခံရ၏။
ပရိယာယ် ဉာဏ်ကြွယ်စွာဖြင့်
အရာရာတွင် ဉာဏ်ကိုသုံးပြီး
ဆောင်ရွက်မှသာ ကျမ်းမာ ချမ်းသာ နိုင်သည်။
ချစ်သောမိတ်ဆွေများ အားလုံးစိတ်၏
ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေ
#Thu
စာနာတတ်ပါစေ
ဘဝကို စာနာခြင်း သနားခြင်း
ကရုဏာထားခြင်း မေတ္တာထားခြင်း
စတဲ့ ကိုယ်ချင်းစာတရားတွေနဲ့
တည်ဆောက်နိုင်ကြပါစေ........။
#Crd_Thu
တန်ဖိုးထားတတ်ပါစေ
လူ ဆို တာ.....
သူ တစ် ပါး ရဲ့ ရှင် သန် မှု ကို
တန် ဖိုး ထား တတ် ရ တယ်။ ။
သူ တစ် ပါး ရဲ့ ရှင် သန် မှု ကို
တန် ဖိုး မ ထား တတ် တဲ့ လူ ဟာ
ဓား ကို ၀ှက် ထား တဲ့
သား သတ် သ မား နဲ့ အ တူ တူ ပဲ။
။ တာ ရာ မင်း ဝေ ။
#Thu
ရဟန်းတော်များနှင့် ပြောဆိုဆက်ဆံနည်း
ကျေနပ်ပါတယ်
https://www.mediafire.com/download/hz67o89hi72dy9n ဒီမှာဒေါင်းပါ
-
ေ ဆာ င်း မီးပုံရှို့မရ သစ်ရွက်ခြောက်များ နှင်းစိုမြ တစ်ဆောင်းရောက်ပြန်ပါ့။ (ဟိုက္ကု) #Credit #Thu
-
ဒီမှာဒေါင်းပါ
-
✒📖မိမိပတ်ဝန်းကျင်ကိုကာင်းတဲ့ပတ်ဝန်းကျင် အဖြစ်ပြောင်းကြစို့📖✒ လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်္ခန်းစာယူတတ်ကြ၏ လူမိုက်တ...
