Monday, December 30, 2019

လောကမှာ

လောကမှာ
ပညာတတ်တွေဘယ်လောက်ပဲ များနေများနေ
အသိတရားမရှိရင်အလကားပဲ

#ဥယျာဉ်မှူး

Saturday, August 24, 2019

သတိရခြင်း

သတိရခြင်း-၂

နာကျင်ခြင်း ၈၀ ကြည်နူးခြင်း၂၀ ပါတဲ့သတိရခြင်းကို
ဘယ်သူကလိုချင်မှာတဲ့လဲ
ဒါပေမယ့်လည်းမတတ်နိုင်ဘူး
ဒီအတိုင်း ဖြတ်သန်းနေရတာပဲ။

ဆပ်ပြာပူပေါင်းလေးကို ဖမ်းဆုတ်ရသလိုပဲ
ပိုင်ဆိုင်ခြင်းနဲ့ ဆုံးရှုံးခြင်း ကတစ်ပြိုင်ထဲရောက်လာတာ
အချစ်က ပြေးပွဲ မဟုတ်တော့
ဦးဆုံးပြေးတာနဲ. မဆိုင်ခဲ့ဘူး။

အပြစ်မတင်ပါဘူး
မင်းပြန်မချစ်တာ အမှားမှမဟုတ်တာ
မင်းကိုချစ်မိတာပဲမှားသွားတာ။

မင်းနဲ.ဝေးခဲ့တာ သုံးနှစ်
ရက်စွဲတွေကိုရေတွက်လို.ရတယ်
ကြေကွဲမှုကိုရေတွက်လို.မရဘူး...

#Credit
#ဥယျာဉ်မှူး 

Monday, August 5, 2019

ထိပ်ဆုံးသို့

ထိပ်ဆုံးသို့
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။

တစ်တောင် ဆုံးပြန်တော့
တစ်လုံး ကျန်သမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘူ့
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား

စခဲ့မိဟာပေါ့
တစ်နေ့မှာတော့ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အာသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား........။
(ငွေတာရီ)

အသဲတုံး​လေးသို့
#ဥယျာဉ်မှူး

Wednesday, July 17, 2019

အသိပညာရဲ့တန်ဖိုး

အသိပညာရဲ့ တန်​ဖိုး


တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး။ တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာအင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေချာချာစစ်ဆေးတယ် ။အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါအဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေး တစ်ချောင်း ကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ် ။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ”ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအို က စာပြန်ပို့လိုက်တယ် ။“ တူ နှင့် ထု ခ --- ၂ ဒေါ်လာမည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ
#မှတ်ချက်လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင် ခြင်းသော့ ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်း ဟာ လော က မှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။

#Credit 
ဥယျာဉ်မှူး

Tuesday, May 28, 2019

တန်ဖိုးရှိတဲ့သူ

တန်ဖိုးရှိတဲ့အလုပ်တွေကို လုပ်နေသူဟာ အချိန်ကို တန်ဖိုးရှိစွာ အသုံးချနေသူပါပဲ။

#ဥယျာဉ်မှူး

ရဟန်း​တော်​များနှင့်​ ​ပြောဆိုဆက်​ဆံနည်း

ကျေနပ်ပါတယ်

https://www.mediafire.com/download/hz67o89hi72dy9n  ဒီမှာဒေါင်းပါ