Thursday, November 29, 2018

ဘဝကိုဘယ်​လိုနိဂုံးချုပ်​ချင်​သလဲ?











တကယ်​လို့ ကျွန်​မရှုံးရင်​ ကျွန်​မ
ထပ်​ကြိုးစားမယ်​ တစ်​ခါပြီးတစ်​ခါ​ပေါ့
တကယ်​လို့ သင်​ကျရှုံးခဲ့ရင်​​ရော
ထပ်​ကြိုးစားမှာလား 
လက်​​မြှောက်​အရှုံး​ပေးလိုက်​မှာလား? 
လူ့စိတ်​ဟာ ကျွန်​မတို့
ထင်​ထားတာထက်​ ပိုမိုပြီးအခက်​အခဲ​တွေကို
ကိုင်​တွယ်​​ဖြေရှင်းနိုင်​ပါတယ်​၊ 
သင်​ဘယ်​လို
ဘဝကိုနိဂုံးချုပ်​ချင်​သလဲဆိုတဲ့ 
အချက်​​ပေါ်မှာပဲ မူတည်​ပါတယ်​။

#Thu

Tuesday, November 27, 2018

Happy Birthday













































ဒီ​နေ့​မွေး​နေ့​လေးမှာ အရမ်း​ပျော်​ခဲ့ရပါတယ်
စိတ်​ပင်​ပန်း လူပင်​ပန်းခံပြီး စိတ်​​ရော ​လူ​ရော​ငွေပါအကုန်​ခံ အပင်​ပန်းခံပြီး ဦး​ဆောင်​လုပ်​​ပေးတဲ့ တီ​လေးအားလည်း
ကျေးဇူးအထူးတင်​ရှိစွာဖြင့် အရမ်းချစ်​ပါတယ်​လို့
နောက်​လဲ အသဲ​လေးကို ဒီထက်​မကပိုချစ်​နိုင်​ပါ​စေလို့
ဆု​တောင်း​ပေးလိုပါတယ်​။

#Thu

ဂုဏ်​သိက္ခာတက်​ခြင်းနှင့်​ ဆုတ်​ယုတ်​ခြင်း


ဂုဏ်​သိက္ခာတက်​ခြင်းနှင့်​ ဆုတ်​ယုတ်​ခြင်း
သင်​သည် 
မိတ်​​ဆွေ​ကောင်းများဖြင့်
ဆက်​လက်​ လက်​တွဲ​နေခြင်းဟာ
သင်​၏ဂုဏ်​သိက္ခာ ကိုယ်​ကျင့်​တရားများ
ထိမ်းသိမ်းထားနိုင်​စွမ်းကို​ဖော်​ပြ​နေခြင်း
ဖြစ်​​ပေသည်​ ။

သင်​သည်​ မိတ်​​ဆွေ​ကောင်းများတိုးပွားလာအံ့
သင်​၏ ဂုဏ်​သိက္ခာ ကိုယ့်​ကျင့်​တရားများ
တိုးပွားလာသည်​ဟု ဆိုရ​ပေမည်​ ။

သင်​သည်​ ကယ်​၍
မိတ်​​ဆွေကောင်းများ
ယုတ်​​လျော့လာသည်​ဖြင့်​အံ့
သင်​၏ ဂုဏ်​သိက္ခာ ကိုယ်​ကျင့်​တရား
များကျဆင်းလာသည်​ဟု
ဆိုရ​ပေမည်​ ။

သင်​သည်​ မိတ်​​ဆွေယုတ်​သူတို့နှင့်
ပေါင်း​ဖော်​ငြားအံ့
အမြင့်​မှ ​အောက်​သို့ခုန်​ချသူနှင့်​တူ
ပေသည်​ ။

#Thu

Friday, November 16, 2018

တန်​ဖိုးထားတတ်​ပါ​စေ


တခါတရံမှာ ကိုယ်က အမှန်တရားကို သိရှိသွားပြီး သူတပါးကို တောင်းပန်တိုးလျှိုးမှ စကားမှန်ပြော နိုင်မှာပါ။ ဒါကြောင့် ဘ၀မှာ အဆင်ပြေနေထိုင်ဖို့ ဖြတ်ထိုးဥာဏ်ရွှင်ဖို့ အရေးကြီးပါတယ်။
 
လူဆိုတာ ဘ၀မမေ့သင့်သလို ရင်ထဲကလည်း ကျေးဇူးမကန်းသင့်ပါ။ အလုပ် ကိစ္စဆိုတာကလည်း မရောထွေးသင့်ပါ။ စိတ်ဆိုတာကလည်း ဒွိဟ မဖြစ်သင့်ပါ။ ကျေးဇူးသိမှ မေတ္တာစစ်မှန် ရရှိနိုင်မှာပါ။ မေတ္တာစစ်မှန်မှ လေးစားမြတ်နိုး တန်ဖိုးထားခံရမှာပါ။ လေးစားမြတ်နိုး တန်ဖိုးထားခံရမှ စိတ်ချင်းဆက်သွယ်လို့ရမှာပါ။
 
ဘ၀ တလျှောက် ထိပ်တန်းတက်လှမ်းနိုင်ရန် သဘောထားကြီးကြီး ခွင့်လွှတ်တတ်တဲ့စိတ်လေး ရှိဖို့ အလိုအပ်ဆုံး ပါ…….

#Credit
#Thu

Thursday, November 15, 2018

စိတ်​​ကောင်းထားပါ







သူတစ်​ပါးအ​ပေါ် စိတ်​ပုပ်
စိတ်​ယုတ်​မာ​တွေလည်း မထားနဲ့
ကံကြမ္မာအလှည့်​အ​ပြောင်း ဆိုတာ
မှော်​ဆန်​တဲ့ မျက်​လှည့်​ပြကွက်
တစ်​ခုလိုပဲ သင့်​အနားကို
အချိန်​မ​ရွေး​ရောက်​လာတတ်​တယ်
သတိထား.............။

#Thu

Wednesday, November 14, 2018

မိတ်​​ဆွေစစ်

စစ်မှန်တဲ့ မိတ်​​ဆွေအ​ပေါင်း အ​ပေါင်းအ​ဖော်​ဆိုသည်မှာ
တမင်ဖိတ်ခေါ်ရသော သံတမန်တစ်ပါးမဟုတ်ပါ။
အချိန်တန်လျှင် သူ့အလိုလို ရိုးသားစွာ
ပွင့်လာတတ်သည့် အဖြူရောင် ပန်းတစ်ပွင့်သာ ဖြစ်ပါသည်။

#Thu

Tuesday, November 13, 2018

ဘဝဆိုတာ


ဘ၀ဆိုတာ တံခါးတစ်ချပ်ဖြစ်တယ်။
တံခါးရဲ့ သစ်သားဘောင်ပေါ်မှာ ထွင်းထုထားတဲ့
ကနုတ်ပန်းအပြောက်အမွှန်းတွေ .... ပန်းပုရုပ်လုံးတွေကို
ငေးကြည့်ရင်မောနေစရာမလို....
အဓိပါယ်ဖွင့်ဆို တွေးတော တွေဝေနေစရာမလို ...

ငါတို့ လုပ်ရမယ့် အလုပ်က အဲ့ဒီတံခါးကို တွန်းဖွင့်ဝင်သွားဖို့ပဲ ဖြစ်တယ်။

#Thu

Wednesday, November 7, 2018

မြန်​မာ့မင်းဆက်​များ



ပုဂံမင်းဆက်

မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာလူမျိုးတို့ အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။

ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါဝင်သော်လည်း ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။

၁၀၇ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး ၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် ၊ မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည် မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော ပုဂံခေတ်၏ မင်းဆက် များကို ​အောက်​ပါအတိုင်း​ဖော်​ပြလိုက်​ပါတယ်

မင်းဆက် (၅၈)ဆက်

1. မင်းဆက်(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)

2. မင်းဆက်(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)

3. မင်းဆက်(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)

4. မင်းဆက်(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)

5. မင်းဆက်(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)

6. မင်းဆက်(၆) ပိုက်သေဉ်လည် (ကောဇာ သက္ကရာဇ် ၂၄၆-နှစ်)

7. မင်းဆက်(၇) သေဉ်လည်ကြောင် (ကောဇာ သက္ကရာဇ် ၂၆၆-နှစ်)

8. မင်းဆက်(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)

9. မင်းဆက်(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)

10. မင်းဆက်(၁၀) မုက္ခမန် အမတ် (၂) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)

11. မင်းဆက်(၁၁) သူရဲ အမတ် (၃) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)

12. မင်းဆက်(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ သက္ကရာဇ် ၄၁၆-နှစ်)

13. မင်းဆက်(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)

14. မင်းဆက်(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)

15. မင်းဆက်(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)

16. မင်းဆက်(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)

17. မင်းဆက်(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)

18. မင်းဆက်(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)

19. မင်းဆက်(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)

20. မင်းဆက်(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)

21. မင်းဆက်(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)

22. မင်းဆက်(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)

23. မင်းဆက်(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)

24. မင်းဆက်(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)

25. မင်းဆက်(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)

26. မင်းဆက်(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)

27. မင်းဆက်(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)

28. မင်းဆက်(၂၈) သိန်ခွန် (ကောဇာ သက္ကရာဇ် ၉၆) မှန်နန်းရာဇ၀င်၌ (သိန်းစွန်)

29. မင်းဆက်(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)

30. မင်းဆက်(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)

31. မင်းဆက်(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)

32. မင်းဆက်(၃၂) ထွန်လတ် (ကောဇာ သက္ကရာဇ် ၁၄၇) မှန်နန်းရာဇ၀င်၌ (မွန်လတ်)

33. မင်းဆက်(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)

34. မင်းဆက်(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)

35. မင်းဆက်(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)

36. မင်းဆက်(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)

37. မင်းဆက်(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)

38. မင်းဆက်(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)

39. မင်းဆက်(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)

40. မင်းဆက်(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)

41. မင်းဆက်(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)

42. မင်းဆက်(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)

43. မင်းဆက်(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)

44. မင်းဆက်(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)

45. မင်းဆက်(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။

46. မင်းဆက်(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)

47. မင်းဆက်(၄၇) မင်းရှင်စော <ထီးနန်းမရ>

48. မင်းဆက်(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)

49. မင်းဆက်(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)

50. မင်းဆက်(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)

51. မင်းဆက်(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)

52. မင်းဆက်(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)

53. မင်းဆက်(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)

54. မင်းဆက်(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>

55. မင်းဆက်(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကိုဝင်ရောက်တိုက်ခိုက်သည်။

56. မင်းဆက်(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)

57. မင်းဆက်(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)

58. မင်းဆက်(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄)တို့ဖြစ်​ပါသည်​။ 

သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှ ရှမ်းညီနောင်သုံးဦးဖြစ်သည်။

#Thu

ရဟန်း​တော်​များနှင့်​ ​ပြောဆိုဆက်​ဆံနည်း

ကျေနပ်ပါတယ်

https://www.mediafire.com/download/hz67o89hi72dy9n  ဒီမှာဒေါင်းပါ