Tuesday, July 31, 2018

MTV ရိုက်​ကူး​ရေးပုံရိပ်​တစ်​ချို့

သုတပန်းခင်း​ဖောင်း​ဒေရှင်း အတွက်
ဓမ္မစကူးလ်​သီချင်းဖြင့်​ ​မေတ္တာ​ဝေ
သီချင်း​လေး MTV ရိုက်​ကူး​ရေးညကည်​ဖြူ​လေးရဲ့
ပုံရိပ်​တစ်​ချို့

Thursday, July 26, 2018

လူတိုင်းသိထားသင့်​သည့်​ ​ဗုဒ္ဓဝင်​အကျဉ်း

၁။လူအမည် သိဒ္ဓတ္တ ၂။ဘုရားဘွဲ့ ဂေါတမ ၃။မိဘအမည် သုဒ္ဓေါ္ဓဓနနှင့် မာယာဒေဝီ ၄။ကြင်ယာတော် ယသော်ဓရာ(ဘဒ္ဒကဉ္စနာ) ၅။ရင်သွေးတော် ရာဟုလာ ၆။ယောက်ဖတော် ဒေဝဒတ် ၇။မိထွေးတော် ဂေါတမီ ၈။နေပြည်တော် ကပိလဝတ်ပြည် ၉။ဖွားရာဌာန လုမ္မနီဥယျာဉ် ၁၀။နန်းစံနှစ် (၁၃)နှစ်(၁၆နှစ်မှ ၂၉နှစ်ထိ) ၁၁။နိမိတ်ကြီးများ သူအို.သူနာ သူသေ ရဟန်း ၁၂။ဗျာဒိတ်ခံယူသောဘဝ သုမေဓာရသေ့ ၁၃။ဗျာဒိတ်ခံယူသောနေ့ ကဆုန်လပြည့် ၁၄။ဗျာဒိတ်ပေးသောမြတ်စွာဘုရား ဒီပင်္ကရာမြတ်စွာဘုရား ၁၅။ပါရမီဖြည့်ဖက် သုမိတ္တာအမျိုးသမီး(ယသော်ဓရာလောင်း) ၁၆။ပါရမီဖြည့်ကာလ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ၁၇။ပါရမီဖြည့်ရခြင်းရည်ရွှယ်ချက် သတ္တဝါများအကြိုးဆောင်ရွတ်ရန် ၁၈။ဒုက္ခစရီယာကျင့်ရသောနှစ် (၆)နှစ် ၁၉။ဒုက္ခစရီယာကျင့်သည့်နေရာ ဥရုဝေဠတော ၂၀။ဒုက္ခစရီယာ ခဲယဉ်းစွာပြုရသောအကျင့် ၂၁။တောထွက်တော်မူသောအရွယ် (၂၉) ၂၂။ဘုရားဖြစ်ချိန်သက်တော် (၃၅)နှစ် ၂၃။ဘုရားပွင့်ချိန်သက်တမ်း (၁၀၀)သက်တမ်း ၂၄။အလုပ်အကျွေး ပဉ္စဝဂ္ဂီ(၅)ဦး ၂၅။ပဉ္စဝဂ္ဂီ(၅)ဦးအမည် ကောဏ္ဍည ဝပ္ပ ဘဒ္ဒိယ မဟာနာမ် အသာဇိ ၂၆။တရာဦးဟောသောနေရာ မဂဒါဝုန် ၂၇။ပထမဆုံးသာဝက ပဉ္စဝဂ္ဂီ(၅)ဦး ၂၈။နောက်သာဝက သုသဒ္ဒပရိဗိုဇ် ၂၉။လက်ယာရံအဂ္ဗသာဝက အရှင်သာရိပုတ္တရာ ၃၀။လက်ဝဲရံအဂ္ဂသာဝက အရှင်မောဂ္ဂလန် ၃၁။အဆုံးအမသာသနာ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒ ၃၂။ကျင့်စဉ် သိလ သမာဓိ ပညာ ၃၃။ချမှတ်သောလမ်းစဉ် မဇ္ဓျိမပဋိပဒါ(မဂ္ဂလမ်းစဉ်) ၃၄။သန္ဓေယူသောနေ့ မဟာသက္ကရာဇ်၆၇ ဝါဆိုလပြည့် ကြာသပတေးနေ့ ၃၅။ဖွားမြင်တော်မူသောနေ့ မဟာသက္ကရာဇ်၆၈ခု ကဆုန်လပြည့် သောကြာနေ့ ၃၆။တောထွက်သောနေ့ မဟာသက္ကရာဇ် ၉၇ခု ဝါဆိုလပြည့် တနလာင်္နေ့ ၃၇။ဘုရာဖြစ်သောနေ့ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ၃၈။ဓမ္မစကြာဟောသောနေ့ မဟာသက္ကရာဇ် ၁၀၃ခု ဝါဆိုလပြည့် စနေနေ့ ၃၉။ပရိနိဗ္ဗာန်စံသောနေ့ မဟာသက္ကရာဇ် ၁၄၈ခု ကဆုန်လပြည့် အဂါင်္နေ့ ၄၀။တေဇောဓါတ်လောင်သောနေ့ မဟာသက္ဒရာဇ် ၁၄၈ ခု ကဆုန်လဆုတ် (၁၂)ရက် တနလာင်္နေ့


Wednesday, July 18, 2018

အဘယ့်​​ကြောင့်​အာဇာနည်​လို့​ခေါ်သလဲ

``မင်းတို့ ငါက အာဇာနည်နေ့မွေးတာ။ အာဇာနည်ဆိုတာ ဒို့သဒ္ဒါကျမ်းတွေမှာ အာဘုသော ကာရဏာ ကာရဏံ ဇာနာတီတိ အာဇာနီယော၊ အာဘုသော၊ ပြင်းပြင်းထန်ထန် (၀ါ)နက်နက်နဲနဲ၊ ကာရဏာကာရဏံ၊ အကြောင်းသင့်မသင့်ကို၊ ဇာနာတိ၊ သိတာ၊ အကြောင်းမှန်မမှန် အကြောင်းသင့်မသင့်ကို နက်နက်နဲနဲ သိတဲ့ပုဂ္ဂိုလ် အဲဒီပုဂ္ဂိုလ်ကို အာဇာနည်လို့ ခေါ်တယ်။ မင်းတို့ လမ်းထွက်ပြီးတော့ ဒို့အရေး ဒို့အရေး လက်မြှောက်အော်တာ အာဇာနည်မဟုတ်ဘူးကွ။ အဲဒါ မှတ်ထား၊ အာဇာနည်ဆိုတာ ကိုယ့်ထက် ဘယ်လောက်ပဲ ရာထူးကြီးကြီး ပြောသင့်ပြောထိုက်တဲ့ ကိစ္စကို ပြောနိုင်တယ်။ ပြောနိုင်စွမ်းသတ္တိရှိတဲ့အတွက် ကိုယ့်ထက်ဘယ်လောက်ပဲ ရာထူးကြီးကြီး ရာထူးကို ဂရုမစိုက်ဘူးပေါ့။ အဲဒီပုဂ္ဂိုလ်မျိုးမှ အာဇာနည်လို့ ခေါ်တယ်ဗျ။ ယောအတွင်းဝန် ဦးဖိုးလှိုင်ဆိုတာ ကြားဘူးလား? ယောအတွင်းဝန် ဦးဖိုးလှိုင်ဆိုတာ ဟိုတုန်းက ရှိခဲ့ဘူးတယ်။ သီပေါမင်းကို ဖမ်းဆီးသွားတော့ ဒီမှာ အင်္ဂလိပ်အရာရှိတွေ ၀န်ရှင်တော်မင်းကြီးတို့ ဘာတို့ပေါ့။ အဲဒီဝန်ရှင်တော်မင်းကြီးတို့ ဘာတို့က ယောအတွင်းဝန် ဦးဖိုးလှိုင်ကို ခေါ်ပြီးတော့ ပြောတယ်။ ၀န်ကြီး ခများတို့ ရှင်ဘုရင်ကို ကျွန်တော်တို့ ဖမ်းသွားတာမဟုတ်ပါဘူး။ ပညာသင်ပေးမလို့ ခဏခေါ်သွားတာပါ။ ခများတို့က ဘာပညာသင်ပေးမှာလဲ? ဘယ်အချိန်မိုးရွာမယ်၊ ဘယ်အချိန်လေတိုက်မယ်၊ အဲဒီပညာတွေ သင်ပေးမှာပါ။ ဟာ အဲဒီပညာတွေများ ဘာခက်တာမှတ်လို့ ကျွန်တော်တို့ဆီမှာ တိရိစ္ဆာန်ကတောင် တတ်ပါတယ်။ အဲဒီလိုပြောတော့ ၀န်ထောင်မင်း ဘယ်လိုပြောလိုက်တာလဲ ပမာမခန့်ပြောတာလားပေါ့။ အဲဒီတော့ ၀န်ထောက်မင်း ဦးဖိုးလှိုင်က ကဗျာတပုဒ်ရေးပေးလိုက်တယ်။ `` စောင်းဆရာ၊ ယားနာနှင့်ပွေး၊ ပါဒရက် ပုရွက်ပလူနှင့်၊ ဖားအနူ ဤရှစ်မျိုး၊ မိုးဟောအမှန် မှတ်ပါတော့၊ သိပ္ပံကို တိရိစ္ဆာန်က တတ်ကြတယ်၊ ဆုံးဖြတ်ချက်ရေး။ အေး မင်းတို့ အဲဒီကဗျာကြာဖူးလား? (မကြားဖူးပါဘုရား) အေး မင်းတို့ အတော်အားရစရာကောင်းတာပဲ။ မင်တို့ ယောအတွင်းဝန် ဦးဖိုးလှိုင်က ချက်ချင်းတခါတည်း ရေးပေးလိုက်တာ၊ တင်္ခဏုပ္ပတ္တိညာဏ်နဲ့ရေးလိုက်တာ။ စောင်းဆရာ၊ ယားနာနှင့်ပွေး တဲ့။ စောင်းဆရာတွေကလဲ မိုးရွာမယ်မရွာဘူးဆိုတာ သိတယ်တဲ့။ စောင်းကြိုးလေး စမ်းသပ်လိုက်လို့ရှိရင် တင်းသလား ရော့သလားပေါ့ကွာ။ ငါတော့ စောင်းဆရာမဟုတ်တော့မသိဘူးပေါ့။ စောင်းဆရာဆိုတာ မိုးဘယ်ချိန်ရွာမယ်ဆိုတာ သိတယ်တဲ့။ ယားနာနှင့်ပွေးတဲ့ လူခန္ဓာကိုယ်မှာ တခါတရံ ယားနာတို့ ပွေးတို့ မပေါက်ဘူးလား။ အဲလူတွေလဲ သိတယ်တဲ့။ ပါဒရက် ပုရွက်ပလူနှင့်တဲ့။ ပုရွက်ဆိတ် ပလူကောင်တို့ သူတို့လဲ သိတယ်။ ဖား အနူ ဤရှစ်မျိုး တဲ့။ ဖားတို့ အနူပုဂ္ဂိုလ်တို့လဲ သိတယ်။ ကျွန်တော်တို့ဆီမှာ အဲဒီလို မိုးဘယ်ချိန်ရွာမယ် မရွာဘူးဆိုတာ တိရိစ္ဆာန်တွေကတောင် တတ်ကြပါတယ်တဲ့။ ၀န်ထောက်မင်း ယောအတွင်းဝန် ဦးဖိုးလှိုင်က အဲဒီလို ပြောလိုက်တယ်။ အေး အာဇာနည်ဆိုတာ အဲဒီလိုပုဂ္ဂိုလ်ကို အာဇာနည်လို့ ခေါ်တယ်ကွ။ သူတို့က ဗမာပြည်ကို အုပ်ချုပ်ခါစ ရှိသေးတယ်။ အင်မတန်အစွမ်းထက်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်ကို ယောအတွင်းဝန်ဦးဖိုးလှိုင်က မဟုတ်တဲ့အကြောင်း ပြောပြနိုင်တယ်ပေါ့။ အဲဒါမျိုးမှ အာဇာနည်ခေါ်တယ်။ မင်းတို့ ဗိုလ်ချုပ်အောင်ဆန်းကလဲ ဘုရင်ခံကို ခံပြောတာ မင်းတို့ကြားဖူးလား? ဗိုလ်ချုပ်အောင်ဆန်းက အစည်းအဝေးတခုမှာပေါ့ ။ အဲဒီအစည်းဝေးမှာ သူပြောရမယ့်အစီအစဉ်မပါဘူး။ မပါပေမဲ့လဲ သူတက်တယ်။ တက်တော့ ဘုရင်ခံက မိန့်ခွန်းပြောတယ်။ နိုင်ငံရေးဆိုတာ ကလေကချေ ပုဂ္ဂိုလ်တွေ လုပ်တာပါ။ တကယ့်သမာသမတ်ပုဂ္ဂိုလ်တွေက နိုင်ငံရေးမလုပ်ပါဘူး။ အဲသလိုပြောလိုက်တယ်။ အဲဒါကို ဗိုလ်ချုပ်အောင်ဆန်းက မှတ်ထားတယ်။ ဘုရင်ခံလဲ မိန့်ခွန်းပြီးရော ချက်ချင်းထပြောတယ်။ သူ့အစီအစဉ်မပါဘူးနော်။ မင်းတို့ကို ငါ အဲသလိုပြောရမယ်လို့ မြှောက်ပေးနေတာမဟုတ်ဘူးကွ။ သူ့အစီအစဉ်မပါဘဲနဲ့ ချက်ချင်းထပြောတယ်။ပြောရဲတယ်ပေါ့ကွ။ ခများတို့ဥရောပတိုက်ဆီတော့ နိုင်ငံရေးဆိုတာ ကလေကချေတွေ လုပ်တယ်ဆိုတာ ဟုတ်ပါလိမ့်မယ်။ ကျွန်တော်တို့ အာရှတိုက်မှာတော့ ဒီလိုမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံအတွက် တကယ့်စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေသာ နိုင်ငံရေးလုပ်တာပါ။ အဲသလိုပြန်ပြီးတော့ ပြောတယ်။ ကဲ မင်းတို့ အဲသလို ပြန်ပြောရဲလား? မင်းတို့ အာဇာဖြူတွေပဲကွ။ အာဇာနည်ဆိုတာ ပြန်ပြောရဲရတယ်ကွ။ အဲဒီလိုပြောမှ အစည်းအဝေးပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကို ဘုရင်ခံက တောင်းပန်တယ်၊ ကျွန်တော်သရော်တဲ့အနေနဲ့ပြောတာပါတဲ့။ အဲသလို တောင်းပန်တယ်။ အဲဒါမှတ်ထား ။ အဲဒီလိုလူမျိုးမှ အာဇာနည်လို့ခေါ်တယ်။ မင်းတို့တတွေလဲ အာဇာနည်ဖြစ်ဖို့လိုတယ်။ အကြောင်းအချက်ပြည့်စုံတယ်ဆိုရင် အထက်လူကြီးဖြစ်စေကာမူ ပြောကိုပြောရဲရမယ်။ မင်းတို့ လူမိုက်သင်တန်းပေးနေတာမဟုတ်ဘူးနော်။ မင်းတို့ လူမိုက်သင်တန်း ပေးနေတယ်လို့ မထင်နဲ့။ အေး အာဇာနည်ဆိုတာ ခုနက၀ိဂြိုလ်အတိုင်းပဲပေါ့ နက်နက်နဲနဲ နဲ့ အကျိုးသင့် အကြောင်းသင့်ကို ဆုံးဖြတ်တတ်တဲ့ပုဂ္ဂိုလ်ကို အာဇာနည်လို့ ခေါ်တယ်။ အဲဒီလို အာဇာနည်လူမျိုးဖြစ်ဖို့ ဒို့ဗမာပြည်ကလူတွေ လိုအပ်တယ်။ ။ ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ မစိုးရိမ်တိုက်သစ်

Monday, July 9, 2018

အတိုင်းထက်​မလွန်​ပါ​စေနဲ့

📋✒လူတစ်​​ယောက်​ကို
ချစ်​မိသည်​ဖြစ်​မုန်းမိသည်​ဖြစ်​​စေ
စေတနာရှိမိသည်​ဖြစ်​​စေ မရှိသည်​ဖြစ်​​စေ
တွယ်​ကပ်​မိသည်​ဖြစ်​​စေ
မတွယ်​ကပ်​သည်​ဖြစ်​​စေ
အတိုင်းထက်​မလွန်​မိပါ​စေနဲ့။

#Thu


ရဟန်း​တော်​များနှင့်​ ​ပြောဆိုဆက်​ဆံနည်း

ကျေနပ်ပါတယ်

https://www.mediafire.com/download/hz67o89hi72dy9n  ဒီမှာဒေါင်းပါ